နယ်စပ်တံတိုင်းအတွက် မက္ကဆီကိုက ပိုက်ဆံပေးမှာ မဟုတ်


အမေရိကန်သမ္မတသစ် ညွှန်ကြားချက် ထုတ်ထားတဲ့ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ် တလျှောက် တံတိုင်း ဆောက်မယ့် အစီအစဉ် အတွက် မက္ကဆီကိုနိုင်ငံက ပိုက်ဆံ အကုန်အကျ ခံမှာ မဟုတ်ကြောင်း မက္ကဆီကို သမ္မတ အန်ရီကေ ပီနာ နီရာတို က ထုတ်ပြောလိုက်ပါတယ်။

မက္ကဆီကိုဟာ တံတိုင်းကြီးတွေခြားတဲ့ လုပ်ရပ်ကို အယုံအကြည်မရှိကြောင်း၊ နှစ်နိုင်ငံကြား တားဆီး ကာရံထားမယ့် အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ် အတွက် စိတ်မသက်မသာ ဖြစ်ရကြောင်း တိုင်းပြည်ကို ပြောတဲ့ မိန့်ခွန်း မှာ သမ္မတ နီရာတိုက ဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် လာမယ့် ဇန်နဝါရီ ၃၁ ရက်နေ့ ဝါရှင်တန်မြို့တော်မှာ ထရမ့်နဲ့တွေ့ဖို့ စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်သိမ်းမလား၊ ဆိုင်းငံ့ထားမလားဆိုတာကိုတော့ သူ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောမသွားခဲ့ပါဘူး။

မက္ကဆီကို နယ်စပ်မှာ လူဖြတ်သန်းလို့ မရတဲ့ အကာအရံတွေ တည်ဆောက်ဖို့ အစီအစဉ်ကို မနေ့ကပဲ အမေရိကန် သမ္မတသစ် ထရမ့် က သမ္မတ အမိန့်အာဏာ လုပ်ပိုင်ခွင့်နဲ့ လက်မှတ်ရေးထိုး အတည်ပြုထားပြီး ဒီအတွက် ကုန်ကျငွေကို မက္ကဆီကိုနိုင်ငံက နောင်မှာ ပြန်လည် ပေးဆပ်ရမယ်လို့ ဆိုထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/
နယ်စပ်တံတိုင်းအတွက် မက္ကဆီကိုက ပိုက်ဆံပေးမှာ မဟုတ် နယ်စပ်တံတိုင်းအတွက် မက္ကဆီကိုက ပိုက်ဆံပေးမှာ မဟုတ် Reviewed by THITHTOOLWIN on 11:41 Rating: 5
Powered by Blogger.