အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်တွင် ဗစ်တိုးရီးယား အစ်လာမ်မစ် စင်တာ ဗလီကြီးမီးလောင်


၂၉ ၊၁၊၂၀၁၇

တက္ကဆက်ပြည်နယ် 201 E. Airline Road မှာ ရှိတဲ့ မူဆလင်ဘာသာဝင်တွေ ၀တ်ပြုကျောင်း
Victoria Islamic Center စနေ့ နေ့ မနက်(၂)နာရီက စတင် aလာင်ကျွမ်းခဲ့ပြီး (၄)နာရီခန့်  မီးငြိမ်းသတ် ခဲ့ရပါတယ်။

ဗလီ အဆောက်အဦး တစ်ခုလုံးမီးလောင် ပျက်ဆီးသွားခဲ့ပြီး ခုလောင်တဲ့ မီးဟာ အဆောက်အဦးအတွင်းပိုင်း ကနေ လောင်ခဲ့တာလို့  ပြည်နယ်မီးသတ်ဌာန က ပြောခဲ့ပါတယ်။

ယခုမီးလောင်တဲ့ ဗလီကို ပြီးခဲ့တဲ့ အပါတ်က သူခိုးတွေ ၀င်ရောက်ခဲ့တယ် လို့  မီးလောင်မှ တာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ ဗလီရှေ့ နံရံမှာ H8 ဆိုတဲ့ စာလုံးကို စပရေးနဲ့  စာရေးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွား ခဲ့ကြောင်း သိရပါတယ်။


ယခုဖြစ်ရပ်ဟာ ရို့ မီးဖြစ်တယ်လို့  မူဆလင်အသိုင်းဝန်းက ပြောဆိုနေကြပေမယ့် ဗလီမှာ လုံခြုံရေး စနစ် ကင်မယာတွေ တတ်ဆင်ထားပြီး အခိုင်အမာ တခါးတွေ ရှိနေတာကြောင့် အတွင်းအထိ ၀င်ရောက်နိုင်ဘို့ မလွယ်ဘူးလို့ လည်းသိရပါတယ်၊ ပြည်နယ် အာဏာပိုင်တွေကတော့ စုံစမ်းနေဆဲပါ အကျယ်မချဲ့ ကြပါနဲ့ လို့  သတိပေးခဲ့ပါတယ်။

ဘာသာရေးခေါင်းဆောင်တွေက ဒီထက်ကြီးမားတဲ့ ဗလီထပ်ဆောက်မယ်လို့  သတင်းဌာနတွေကိုပြောဆိုခဲ့ပြီး အွန်လိုင်းတွေမှာ ဗလီပြန်ဆောက်ဘို့ အလှူငွေကောက်ခံနေကြတာလည်းတွေ့ ရပါတယ်။

Social Action for Women - SAW
အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်တွင် ဗစ်တိုးရီးယား အစ်လာမ်မစ် စင်တာ ဗလီကြီးမီးလောင်  အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်တွင် ဗစ်တိုးရီးယား အစ်လာမ်မစ် စင်တာ ဗလီကြီးမီးလောင် Reviewed by THITHTOOLWIN on 11:58 Rating: 5
Powered by Blogger.