အမြန်လမ်းတွင် SUPER CUSTOM ယာဉ်မှောက်၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


နေပြည်တော် ဒီဇင်ဘာ ၁၄

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၇၆/၁ နှင့် ၇၆/၂ အကြား နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရှိုင်းရှိုင်းအောင် မောင်းနှင်လာသော SUPER CUSTOM မော်တော်ယာဉ်မှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၇ နာရီခွဲက ယာဘက် ၀င်ရိုးကျိုးပြီး အရှိန်မထိန်းနိုင် ဘဲ လမ်းဘေးချောက်ထဲရောက်ရှိ တိမ်းမှောက်ခဲ့သည်။


ဖြစ်စဉ်ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး၊ တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ သည်။ သို့ပါ၍ သေဆုံးသူအလောင်းနှင့် ဒဏ်ရာရရှိသူအား မြို့ချောင်း ရဲစခန်း ပိုင် ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ရသည်။

အလားတူ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂နာရီက အမြန် လမ်းမကြီး၏ မိုင်တိုင် အမှတ် ၅/၃ နှင့် ၅/၄ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရဲမောင် မောင်းနှင်လာသော LIGHT TRUCK ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာထားသည့် ဘာရီယာ တုံးအား တိုက်မိတိမ်းမှောက် ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ (၂၃) ဦး မှ (၁၈) ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။ သို့ပါ ၍ အဆိုပါ ယာဉ်မောင်းများအား သက်ဆိုင်ရာ အပိုင်ရဲစခန်းက အမှုဖွင့် အရေး ယူထား ကြောင်း သိရသည်။

သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် SUPER CUSTOM ယာဉ်မှောက်၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ အမြန်လမ်းတွင် SUPER CUSTOM ယာဉ်မှောက်၊ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 16:58 Rating: 5
Powered by Blogger.