KIA လက်နက်ကိုင်အဖွဲ့က တပ်မတော်စစ်ကြောင်းနှင့် ကုန်တင်ယာဉ်(၂)စီးအား လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်
နေပြည်တော် ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း လမ်းလုံခြုံရေး ဆောင်ရွက် နေသည့် တပ်မတော်စစ်ကြောင်းအား KIA လက်နက်ကိုင်အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်ပြီး ကုန်တင်ယာဉ် နှစ်စီးကိုလည်း ပစ်ခတ်ခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်းကျေးရွာနှင့် မန်လွယ်ကျေးရွာအကြားလမ်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား KIA လက်နက်ကိုင်အဖွဲ့က ယနေ့နံနက် ၅နာရီခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် နှောက်ယှက်ပစ်ခတ် တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်သဖြင့် အနောက် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် KIA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်-မူဆယ်သွား ကားလမ်းမကြီးတွင် မောင်းနှင် လာသည့် ၁၂ ဘီးယာဉ်နှစ်စီးမှာ လက်နက်ငယ်ထိမှန် ပျက်စီးခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ဆက်လက် နယ်မြေရှင်းလင်းလျက်ရှိရာ လမ်းကြောင်းတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ မော်တော်ယာဉ်များ ပုံမှန်သွားလာ လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
KIA လက်နက်ကိုင်အဖွဲ့က တပ်မတော်စစ်ကြောင်းနှင့် ကုန်တင်ယာဉ်(၂)စီးအား လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်
Reviewed by THITHTOOLWIN
on
21:01
Rating:
