ကွတ်ခိုင်မြို့နယ်၌ KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံး


ဒီဇင်ဘာ ၁၄၊ ၂၀၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီး လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် ကားလမ်းဘေးလျှိုအတွင်း ယာဉ်တစ်စီး တိမ်းမှောက်နေသည် ကို တွေ့ရှိခဲ့ရသည်။


တိမ်းမှောက်သည့်ယာဉ်မှာ 6K 2185၊ ပရိုဘောက်စ်ယာဉ်ဖြစ်ပြီး အင်ဂျင်အဖုံးတွင် လက်နက်ငယ် ကျည်ဖေါက်ဝင်သည့် အပေါက် ၃ ခု၊ ရှေ့လေကာမှန်နှင့် နောက်လေကာမှန်များ ကြေမွပျက်စီးနေပြီး အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ရာ စုံစမ်းမေးမြန်းမှုအရ မြစ်သားမြို့နေ လားရှိုး-မူဆယ် အငှားယာဉ်မောင်း ရဲမောင် ဖြစ်ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်အတွင်း KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များမှ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယာဉ်များအား တားဆီး ပိတ်ဆို့ခြင်း၊ မီးရှို့ခြင်းများနှင့် ပစ်ခတ်မှုများပြုလုပ်စဉ်က လက်နက်ငယ်ကျည်ထိမှန်၍ လျှိုအတွင်းသို့ ပြုတ်ကျခဲ့ပြီး သစ်ကိုင်းများဖြင့် ဖုံးအုပ်နေသည့်အတွက် အလွယ်တကူတွေ့မြင်နိုင်မှု မရှိခဲ့ခြင်းကြောင့် ယခုမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အမှုဖွင့်ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ကွတ်ခိုင်မြို့နယ်၌ KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံး  ကွတ်ခိုင်မြို့နယ်၌ KIA/ TNLA/ MNDAA နှင့် AA ပူးပေါင်း လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 17:05 Rating: 5
Powered by Blogger.