အသတ်ခံရသည့် မုံရွာမြို့ Eleven သတင်းထောက်၏ ဈာပနပွဲ ကျင်းပ အမှုမှန်ပေါ်ရေး စတစ်ကာကမ်ပိန်းကို လူထောင်ချီဖြင့် ပြုလုပ်


မုံရွာ၊ ဒီဇင်​ဘာ ၁၄။

အသတ်​ခံရသည့်​ Eleven ၏ မုံရွာမြို့ခံ သတင်းထောက် ဖြစ်သော စိုးမိုးထွန်း(မုံရွာ)၏ ဈာပနာပွဲကို ဒီဇငဘာ ၁၄ရက်​​နေ့က ကျင်းပခဲ့ပြီး အမှုမှန်​​ပေါ်​ပေါက်​​ရေးအတွက်​ စတစ်​ကာ ကမ်​ပိန်းကို လူ​ထောင်​ချီဖြင့်​ ပြုလုပ်​ခဲ့​ကြောင်း သိရသည်​။

ကိုစိုးမိုးထွန်း၏ပုံ၌ အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဟူသော စာတမ်းရေးထားသည့်​ စတစ်ကာကို ကပ်ကာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဈာပနကို ၄င်း၏ နေအိမ်ဖြစ်သော မုံရွာမြို့၊ ချမ်းမြ၀တီ ရပ်ကွက် ၁၉လမ်းမှ မြို့မသုသာန် (ဆားကျင်းသုသာန်)သို့ ပို့​ဆောင်​ကာ ဒီဇင်ဘာ ၁၄ ရက်နေ့ မွန်းလွဲ ၃နာရီတွင် မြေမြုပ်သဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ နောက်ဆုးံခရီးကို မုံရွာ၊ မန္တလေးမြို့တို့မှ နယ်သတင်းထောက်များ၊ လူမှုအဖွဲ့အစည်းများ၊လက်ပံတောင်းဒေသခံများနှင့် ၄င်း၏ေ lမွးရပ်မြေ ဖြစ်သော မင်းကင်းမြို့နယ်မှ ပရဟိတအသင်းတို့ မှ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

"အများပြည်သူတွေက ဒီဖြစ်စဉ်ကို သိရင် သိတယ်။ ကြားရင်ကြားတယ်ဆိုတာ သက်သေပြုလာနိုင်ဖို့ ဆော်သြပေးအောင် ဒီစတစ်ကာ ကမ်ပိန်းကို လုပ်တာပါ"ဟု မြန်မာ ဂျာနယ်လစ်ကွန်ရက်(MJN) မုံရွာမှ အတွင်းရေးမှူး ကိုတိုးကြီးက ပြောသည်။


ကိုစိုးမိုးထွန်းသည် ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက အိမ်သို့ ပြန်လာချိန်တွင် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ ဂေါက်ကွင်းအနီးတွင် ရိုတ်နှက် သတ်ဖြတ်ခဲ့ခြင်းကြောင့် နှာခေါင်းရိုးကျိုး၊ မျက်ခုံးကွဲဒဏ်ရာ၊ ဦးခေါင်းထိပ်ကွဲဒဏ်ရာနှစ်ချက်ဖြင့် မှောက်လျှက်အ​နေအထားဖြင့်​ သေဆုံးခဲ့ခြင်း ဖြစ်သည်။

၎င်းသေဆုးံမှုအား အိုးဘိုတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးက စတင်တွေ့ရှိပြီး ရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ထိုဖြစ်စဉ်ကို မုံရွာမြို့မရဲစခန်း၌ အမှုကြီး အမှတ်စဉ် ၁၀/ ၂၀၁၆(ပ)၁၅၆၄/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

အမှုကို အမြန်ဆုံးပေါ်ပေါက်ရန် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း CID၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပါဝင်ကာ သံသယရှိဖွယ်လူများကို စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ကိုစိုးမိုးထွန်းသည် ၂၀၀၇ ခုနှစ်မှ စ၍ အလွတ်တန်း နယ်သတင်းထောက်နှင့် မုံရွာမြို့ထုတ် ချင်းတွင်းရွှေပြည် ဂျာနယ်တို့တွင် အယ်ဒီတာ လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် အလဲဗင်းမီဒီယာ၌ တိုက်ပိုင် သတင်းထောက်အဖြစ် မကွယ်လွန်မီ အချိန်ထိ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီးနှင့် အသက် ၇ နှစ်အရွယ် သားငယ် တစ်ယောက်ကျန်ရစ်ခဲ့သည်။ ၄င်းသည် သစ်မှောင်ခိုကိစ္စများ၊ မုံရွာမြို့ ရှိ ကေတီဗွီနှင့် တရားမ၀င်အနှိပ်ခန်းများ ထပ်မံ ဖွင့်လှစ်ခွင့်မရရေး ကိစ္စများကို လိုက်လံစုံစမ်း သတင်းအချက်ရရန် ကြိုးပမ်းနေချိန်တွင် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ-ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
အသတ်ခံရသည့် မုံရွာမြို့ Eleven သတင်းထောက်၏ ဈာပနပွဲ ကျင်းပ အမှုမှန်ပေါ်ရေး စတစ်ကာကမ်ပိန်းကို လူထောင်ချီဖြင့် ပြုလုပ်  အသတ်ခံရသည့် မုံရွာမြို့ Eleven သတင်းထောက်၏ ဈာပနပွဲ ကျင်းပ အမှုမှန်ပေါ်ရေး စတစ်ကာကမ်ပိန်းကို လူထောင်ချီဖြင့် ပြုလုပ် Reviewed by THITHTOOLWIN on 18:28 Rating: 5
Powered by Blogger.