သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေတွေ ရေးဆွဲနေ

ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့လွှတ်တော်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က မေးခွန်းများကို ပြန်လည်ဖြေ ကြားနေစဉ်
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်ဖို့အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေတို့ကို ရေးဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မြန်မာနိုင်ငံအတွင်း သက်ငယ် မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူတွေကို ထိရောက် တဲ့ ပြစ်ဒဏ်ပေးဖို့ နဲ့ ပညာပေးအစီအစဉ်တွေ ဆောင်ရွက်ပေးဖို့ အစီအစဉ် ရှိမရှိ မေးမြန်းရာမှာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးမှုအားနည်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း တည်ဆဲ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူနေကြောင်း၊၂၀၁၆ ခုနှစ် နိုဝင်ဘာလအထိ သက်ငယ် မုဒိမ်းမှု အမှုပေါင်း ငါးရာကျော်ကို ဖော်ထုတ်ပြီး တရားစွဲဆိုအရေးယူထားကြောင်းနဲ့ တရားခံ နှစ်ရာကျော် ကိုလည်း ထောင်ဒဏ်ချမှတ်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှုတွေမှာ ကျူးလွန်သူတွေဟာ ဆွေမျိုးသားချင်းတွေလည်း ပါဝင်နေကြောင်း နဲ့ ပြစ်မှုကျူးလွန်သူတွေကိုလည်း ရာဇ၀တ်ကျင့်ထုံးဥပဒေအပြင် အထူးသီးသန့်ဥပဒေ ပြဌာန်းပြီးအရေး ယူဖို့လိုအပ်ကြောင်း ဒေါ်ခင်စန်းလှိုင်က တင်ပြခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပေါ် အဓမ္မပြုကျင့်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတဲ့အတွက် သက်ငယ် မုဒိမ်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့အထိ ဆန္ဒပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေတွေ ရေးဆွဲနေ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်နိုင်ဖို့ ဥပဒေတွေ ရေးဆွဲနေ Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.