ထားဝယ်မြို့ ကရပ်ပြင်(တ)ရပ် လေသာလမ်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

27.12.2016 ရက်နေ့ 11:30AM အချိန်ခန့်က ထားဝယ်မြို့  ကရပ်ပြင်တောင်ရပ်။ ဓါတ်ပုံ - Thar pyae soe Pyae Pyae
ထားဝယ် ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကရပ်ပြင်(တ)ရပ် လေသာလမ်းတွင် ယမန်နေ့မွန်းလွဲ ၁နာရီက အမျိုးသားတစ်ဦးကြိုး ဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်တွင် ထားဝယ်မြို့ ကရပ်ပြင်(တ)ရပ် လေသာလမ်းတွင် နေထိုင်သော ဦး----သည် ပန်းရန်လုပ်ကိုင်သူဖြစ်ပြီး ယမန်နေ့ နံနက် ၇နာရီတွင် ဆန်းချီရပ်ကွက်၌ ပန်းရန်သွားရောက်လုပ်ကိုင်ရာ နံနက် ၁၁နာရီနေအိမ်သို့ပြန်လည်ရောက်ရှိလာ၍ပန်းရန်လုပ်ကိုင်လိုစိတ် မရှိကြောင်းပြောကာ ဇနီးဖြစ်သူအား တီဗွီသွားကြည့်ရန် အခြား နေအိမ်သို့စေလွှတ်ပြီး ဇနီးဖြစ်သူသည် မွန်းတည့် ၁၂ နာရီတွင် နေအိမ်သို့ပြန်လာစဉ် ဦး----မှာ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။


သေဆုံးသူအမျိုးသားအား ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ်စစ်ဆေးနိုင်ရန် ဒုရဲအုပ်မြင့်ဦးက တိုင်တန်းသဖြင့် ထားဝယ် မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၇/၂ဝ၁၆)အရရေးဖွင့်၍ ခေတ္တစခန်းမှူးရဲအုပ်စိုးနိုင်က စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ကျော်လတ်(ထားဝယ်)
The Union Daily
https://www.facebook.com/uniondaily.net/
ထားဝယ်မြို့ ကရပ်ပြင်(တ)ရပ် လေသာလမ်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား  ထားဝယ်မြို့ ကရပ်ပြင်(တ)ရပ် လေသာလမ်း၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.