နေပြည်တော် ဒီဇင်ဘာ ၂၉
လုံခြုံရေးတပ်ဖွဲ့များသည် မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်က နယ်မြေရှင်းလင်းစဉ် မသင်္ကာ သူ ၃ ဦးအား လက်ကိုင် ဖုန်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာအုပ်စု အလယ်ရွာအနီးရှိ တောင်ကြား အတွင်း၌ အနက်ရောင်ဝတ်စုံများ ၀တ်ဆင် ထားပြီး လက်နက်ကိုင်ဆောင် ထားသူ ၁၁ ဦးခန့်သည် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ညအချိန်တွင် ကျေးရွာ သားများအား စစ်သင်တန်း ပို့ချနေကြောင်းသတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်နယ်မြေရှင်းလင်းရာ ဒီဇင်ဘာ ၂၈ ရက် ည ၁၂ နာရီခွဲခန့်တွင် ဦးရှည်ကျ ကျေးရွာတွင် အာမိရ်ဟူဆောင်၊ ဟာဆူမျာနှင့် နူဇော်ရိန် တို့ကို ရွာအတွင်းရှိလူသွားလမ်း၌ ဖုန်း ၃ လုံး၊ ဆင်းကဒ် ၄ ခုတို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မောင်တောမြို့နယ်အတွင်း မသင်္ကာသူ ၃ ဦးဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
20:44
Rating:
