ပေါက်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်


စစ်တွေ၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံဆိပ်ကျေးရွာ၌ သက်ငယ်မုဒိမ်းမှုကျူးလွန်သူတစ်ဦးအား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၂ဝ)ချမှတ်လိုက်သည်ဟု ယင်းအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်စန်းဦးက နိရဉ္စရာသို့ပြောသည်။

"သူ့ကို စစ်တွေ ဒု-ခရိုင်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းမှုဖြစ်တဲ့အတွက် နှစ်အပြည့်ချလိုက်တာဖြစ်ပါတယ်"ဟု သူမက ဆိုသည်။

ပြစ်မှုကျူးလွန်သူ အသက် (၂ဝ)အရွယ် ချင်းချေ(ခ)သန်းထွန်း (ဘ - ဦးချောင်းနားဦး)သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက ယင်းကျေးရွာနေ အသက် (၇)နှစ်အရွယ် မ-----အား မုန့်ကျွေးမည်ဟုဆိုကာ ရွာအနောက်ဘက်လယ်ကွင်းသို့ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြစ်မှုကျူးလွန်သူအား ယခုနှစ် မေလအတွင်းက မုဒိမ်းမှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ စတင်စစ်ဆေးခဲ့ပြီး ယနေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
ပေါက်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်   ပေါက်တောမြို့နယ်တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် Reviewed by THITHTOOLWIN on 22:53 Rating: 5
Powered by Blogger.