![]() |
(ဒဏ်ရာ ရရှိခဲ့သော ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမားများ) |
ဘင်္ဂလာဒေ့ရှ် ရေပြင်ပိုင်နက်သို့ မြန်မာဘက်မှ ၀င်ရောက်ပြီး ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများအား ပစ်ခတ်မှု အပေါ် ဘင်္ဂလာဒေ့ရှ် အစိုးရမှ ပြင်းထန်သော စကားလုံးများ သုံးပြီး မြန်မာအစိုးရသို့ ကန့်ကွက်လွှာပေးပို့လိုက်သည်ဟု သိရသည်။
ယနေ့ ဒီဇင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီ အချိန်တွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာ အသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ဆင့်ခေါ်ပြီး ၎င်းကန့်ကွက်လွှာအား ဘင်္ဂလာ နိုင်ငံခြားရေး အတွင်းဝန် Kamrul Ahsan ပေးအပ်ခဲ့သည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းစာ The Daily Star တွင် သတင်းဖော်ပြသည်။
ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်က စိန်မာတင်ကျွန်း (ရခိုင် အခေါ် အုန်းကျွန်းအနီး)တွင် မြန်မာရေတပ်မှ ပစ်ခတ်သဖြင့် ဘင်္ဂလာဒေ့ရှ် ငါးဖမ်းသမား ၆ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။
ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက မြန်မာရေတပ်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရေပိုင်နက်သို့ ကျူးကျော် ၀င်ရောက်ပြီး မကြုံစဖူး ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ ရခိုင်ပြည်နယ်မှ ဘင်္ဂလီလူမျိုးများသည် မောင်တော နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက် ပြုလုပ်ခဲ့သော စစ်ရေးများအတွင်း ဘင်္ဂလာဒေ့ရှ်ဘက်သို့ ထွက်ပြေးစဉ်ကလည်း မြန်မာ သံအမတ်ကြီးအား ခေါ်ယူပြီး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မြန်မာအစိုးရဘက်မှ ယခု ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
ငါးဖမ်းသမားများ ပစ်ခတ်မှု မြန်မာကို ဘင်္ဂလာဒေ့ရှ်က ကန့်ကွက်လွှာပေးအပ်
Reviewed by THITHTOOLWIN
on
20:55
Rating:
