ခိုးမှုတရားခံကို စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်၍ ကျူးလွန်သူ ၉ ဦးအား ဖမ်းဆီးရမိ


၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ ၁၃း၁၅ အချိန် တပ်ကုန်းမြို့မရဲစခန်း (ပ) ၂၆၈/ ၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ အမှုမှ တရားခံအောင်ဇော်ထက် (ခ) ပြည့်စုံသည် လွန်ခဲ့သော တလခန့်က ရေဆင်းစိုက်ပျိုးရေး သုတေသန၀င်းအတွင်းရှိ နေအိမ်တအိမ်မှ ကန်ဘို ၁၂၅ အနက်ရောင် ဆိုင်ကယ်တစီး အားခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် သက်သေခံဆိုင်ကယ်နှင့်အတူ ရေဆင်းနယ်မြေ ရဲစခန်းသို့ သက်သေခံ ကန်ဘို ၁၂၅ ဆိုင်ကယ်ဖြင့် ပို့အပ်ခဲ့ကြောင်း၊ တရားခံ အောင်ဇော်ထက် (ခ) ပြည့်စုံအား နေပြည်တော်ကောင်စီနယ်မြေအတွင်း အခြားခိုးမှုများနှင့် ဆက်စပ်မှု ရှိ၊မရှိ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်၏ ညွှန်ကြားချက်အရ နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူတပ်ဖွဲ့ဝင်များ စစ်ဆေးမှုပြုခဲ့သည်။

ယင်းသို့ စစ်ဆေးရာ လွန်ခဲ့သော ၁ လခန့်က မုံရွာမြို့ သလ္လာရပ်ကွက်ရှိ နေအိမ်တအိမ် အတွင်းမှ တရုတ်နိုင်ငံလုပ် HONDA အမျိုးအစား 110 အနက်ရောင်ဆိုင်ကယ်အား ခိုးယူခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ ကိုညွန့်ဝင်းနိုင် (ခ) ၀င်းနိုင်ထံတွင် တသိန်းဖြင့် ပေါင်နှံထားကြောင်း၊ မုံရွာထန်းတောရပ်ကွက်ရှိ နေအိမ်တအိမ်အတွင်းမှ CZI.125 ဆိုင်ကယ်အားခိုးယူခဲ့ပြီး ကံသာဦးရပ်ကွက်ရှိ ကိုဌေးငြိမ်းထံတွင် ငွေ (၇၀၀၀၀ိ) ဖြင့် ပေါင်နှံထားကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ပြင် ၂၀၁၅ ခုနှစ် ၁၀ လပိုင်းခန့်က မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက် ဆုတောင်းပြည့်ဘုရားပွဲတော်ရှိဇာတ်ပွဲအား သူငယ်ချင်းဖြစ်သူ၊ သီဟန်မြင့်၊ တင်လင်းထွန်း၊ ၀င်းနိုင်ထွေး၊ လမင်းဟန်လင်း၊ ထွန်းလှနိုင်၊ မျက်ခြူ (ခ) စနေမောင်မောင်၊ မိုးကျော်ထွန်းတို့နှင့်အတူ သွားရောက်ခဲ့ပြီး ဇာတ်ခုံအနီးကခုံနေစဉ် ခြေထောက်တက်နင်း သည့်ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ပြီး သီဟန်မြင့် ယူဆောင်လာသော ဓားဖြင့် အမည်မသိ စကားများသူ အမျိုးသားအား ထိုးခဲ့ကြောင်း၊ အခင်းဖြစ်ပြီးနောက်တွင် ထပ်မံစစ်ဆေးပေါ်ပေါက်၍ မုံရွာမြို့ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ရာ မုံရွာနယ်မြေရဲ စခန်းမှ စခန်းမှူး ရဲအုပ်ရဲအောင်နှင့် အဖွဲ့ရောက်ရှိလာပြီး တရားခံအား ဆက်လက်စစ်ဆေးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး၊ HONDA အမျိုးအစား 110 အနက်ရောင်ဆိုင်ကယ်နှင့်ပတ်သက်၍ မုံရွာနယ်မြေရဲစခန်းတွင် (ပ) ၈၂၂ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း၊ Liagiu အမျိုးအစား CZ . 125 ဆိုင်ကယ်အား မုံရွာနယ်မြေရဲစခန်း (ပ) ၈၂၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူဆောင်ရွက်ပြီး၊ လူသတ်မှု (ပ) ၃၄၂/၂၀၁၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုနှင့် ပတ်သက်၍ တရားခံအောင်ဇော်ထက် (ခ) ပြည့်စုံ၏ ထွက်ဆိုချက်အရ အခင်းဖြစ်ချိန်ကပါဝင်ခဲ့သည့် သီဟန်မြင့်၊ တင်လင်းထွန်း၊ ၀င်းနိုင်ထွေး၊ လမင်း၊ ဟန်လင်းထွန်း၊ လှနိုင်၊ မျက်ပြူး (ခ) စနေမောင်မောင်၊ မိုးကျော်ထွန်းတို့ (၉) ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး လူသတ်မှုကျုးလွန်ရာတွင် အသုံးပြုခဲ့သည်ဟုယူဆရသော သက်သေခံအရိုးအသွား ၁၀” လက်မခန့် ဓားဦးချွန်တချောင်းအား သိမ်းဆီးရမိခဲ့သည်။

ဆက်လက်ပြီး မုံရွာမြို့နယ်တွဲဘက်မြို့နယ် တရားသူကြီး(၃) ဒေါ်ဆွေအေးမြင့်ထံတွင် ၁၂.၁၂.၂၀၁၆ ရက်နေ့တွင် ဖြောင့်ချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း တရားခံဇော်ထက် (ခ) ပြည့်စုံအား ရေဆင်နယ်မြေရဲစခန်း၌ (ပ)၂၁၆/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် ၁၃.၁၂.၂၀၁၆ ရက်နေ့တွင် အမှုဖွင့်အရေးယူခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရပါသည်။

ထွန်း (နေပြည်တော်)
News Watch
https://www.facebook.com/NewsWatchJournal/
ခိုးမှုတရားခံကို စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်၍ ကျူးလွန်သူ ၉ ဦးအား ဖမ်းဆီးရမိ  ခိုးမှုတရားခံကို စစ်ဆေးရာမှ လူသတ်မှုပေါ်ပေါက်၍ ကျူးလွန်သူ ၉ ဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:39 Rating: 5
Powered by Blogger.