လိုင်ဖေါင်စခန်းနှင့် အနီးတစ်ဝိုက် လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သော KIA အကြမ်းဖက်သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈(KIAအခေါ် လိုင်ဖောင်)စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ်များမှ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးအမြောက်အမြား သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၈

ဒီဇင်ဘာ ၂၇ ရက်တွင် တပ်မတော်စစ်ကြောင်းများက KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ပွိုင့်-၇၆၈ (KIAအခေါ် လိုင်ဖောင်)စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ်များအား သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် အသေးစိတ်ရှင်းလင်းခဲ့ရာ သေဆုံးနေသော ရန်သူ့အလောင်းများနှင့်အတူ ၆၀ မမစိန်ပြောင်း ၂ လက် အပါအ၀င် လက်နက်မျိုးစုံ ၁၀ လက်၊ ခဲယမ်းအမြောက်အမြားနှင့် WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး ၁၀၀၀၀ ပြားတို့ သိမ်းဆည်းရမိခဲ့သည်။


တပ်မတော်စစ်ကြောင်းများမှ အရာရှိ၊ စစ်သည် အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပြီး ဒဏ်ရာရသူများ သည်လည်း သက်ဆိုင်ရာ တပ်မတော်ဆေးရုံများသို့ ရောက်ရှိကုသခံယူလျက်ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်စစ်ကြောင်းများက သွေးတိုးစမ်းတိုက်ခိုက်ခဲ့စဉ် အရာရှိ၊ စစ်သည်တချို့ ထိခိုက်ကျဆုံးမှုရှိခဲ့ကာ လက်နက် ၇ လက် ဆုံးရှုံးခဲ့ရကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက အသေးစိတ် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
လိုင်ဖေါင်စခန်းနှင့် အနီးတစ်ဝိုက် လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ လိုင်ဖေါင်စခန်းနှင့် အနီးတစ်ဝိုက် လက်နက်/ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.