မင်းကွန်းကျေးရွာ ဘုန်းကြီးကျောင်းမီးလောင်


စစ်ကိုင်း ဒီဇင်ဘာ ၁၃

စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာရှိ မင်းကွန်းဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့သည့် ဓမ္မနာဒ ကျောင်းဟောင်းဝင်းအတွင်းရှိ ပိဋကတ်ဘုန်းကြီးကျောင်းဆောင်၌ ဒီဇင်ဘာ ၁၂ ရက်ည ၁၀ နာရီခန့်က ဘုရားမီးပူဇော်သည့် ရောင်စုံမီးဆိုင်းမှ ရှော့ခ့်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည် ။

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်ငါးစီး ၊ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ကြရာ ည ၁၁ နာရီတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် ပေ (၃၀ x ၃၀) သွပ်မိုး ၊ ပျဉ်ထောင် ၊ အုတ်ခင်း ၊ နှစ်ထပ်ကျောင်းဆောင် ဆုံးရှုံသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ မီးသတ်ဦးစီးဌာနက လျှပ်စစ် မီးကြိုးများကို စနစ်တကျ စစ်ဆေးခြင်းမရှိဘဲ ပေါ့ဆစွာ သုံးစွဲသူ အဆိုပါကျောင်းရှိ ရေမီးတာဝန်ခံ စန်းယု (၃၆ နှစ်) အား အရေးယူပေးပါရန် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည် ။

မျိုးဝင်း (စစ်ကိုင်း)
မြန်မာ့အလင်း
မင်းကွန်းကျေးရွာ ဘုန်းကြီးကျောင်းမီးလောင် မင်းကွန်းကျေးရွာ ဘုန်းကြီးကျောင်းမီးလောင် Reviewed by THITHTOOLWIN on 04:16 Rating: 5
Powered by Blogger.