![]() |
( ဖမ်းဆီးခံရတဲ့ မူဟာမောက် ဟူစိန်) |
အစိုးရကို ပုန်ကန်ဖို့ သတင်းမှားတွေ ထုတ်ပြန်ပြီး လှုံဆော်မှုတွေပြုလုပ်တဲ့ အယ်လ်ဂျာဇီရာ (Al Jazeera ) သတင်း ထုတ်လုပ်သူ တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အီဂျစ် တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အတည်ပြု ပြောကြားပါတယ်။
ဖမ်းဆီးခံရသူဟာ မူဟာမောက် ဟူစိန် (Mahmoud Hussain) ဆိုသူ ဖြစ်ပြီး အီဂျစ်နိုင်ငံမှာ မတရား အသင်း ကြေညာထားတဲ့ မူဆလင် ညီနောင်အဖွဲ့ (Muslim Brotherhood) ရဲ့ ကိုယ်စားပြု ပြောဆိုသူ တစ်ဦး ဖြစ်တယ်လို့လဲ အီဂျစ်တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။
မူဟာမောက် ဟူစိန်ကို ပြည်သူ့ လုံခြုံရေးကို အနှောင့်အယှက်ပြုမှုနဲ့ သတင်းအမှားတွေကို ထုတ်လုပ်မှုနဲ့ လွန်ခဲ့တဲ့ သောကြာနေ့က အီဂျစ်ရဲက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အီဂျစ် ပြည်ထဲရေး ၀န်ကြီးဌာက ထုတ်ပြန်တဲ့ ကြေညာချက် တစ်ခုမှာတော့ အယ်လ်ဂျာဇီရာ တာဝန်ရှိသူတွေဟာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေသူ တိုင်းပြည် သစ္စာဖောက်တွေကို အီဂျစ်နို်င်ငံ အတွင်း မတည်ငြိမ်မှုတွေနဲ့ အတူ အစိုးရကို ဆန့်ကျင်ဖို့ သတင်းမှားတွေကို အယ်လ်ဂျာဇီရာ တီဗီရုပ်သံလှိုင်းကနေ ထုတ်ပြန်ဖို့ အမိန့်ပေး ညွှန်ကြားထားတယ်လို့လဲ ဖော်ပြထားပါတယ်။
အယ်လ်ဂျာဇီရာကတော့ သူတို့အနေနဲ့ သတင်းမှား ထုတ်ပြန်တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုလိုက်ပြီ မူဟာမောက် ဟူစိန်ကို ချင်ချင်း လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။
Ref: Egypt confirms Al Jazeera producer's arrest for 'provoking sedition'
Narinjara
https://www.facebook.com/Narinjara
သတင်းမှားတွေနဲ့ လှုံဆော်မှုတွေ ပြုလုပ်တဲ့ အယ်လ်ဂျာဇီရာ သတင်းထုတ်လုပ်သူ အီဂျစ်တွင် ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
18:57
Rating:
