ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ငွေလဲကောင်တာ မီးလောင်မှုဖြစ်ပွား


ဒီဇင်ဘာ ၂၉

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ Two Four Two ငွေလဲကောင်တာတွင် ယနေ့ (ဒီဇင်ဘာ၂၉ရက်) နံနက်၁၀နာရီခန့်က မီးသတင်းရှိသဖြင့် ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သွားရောက်ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ချိန်တွင် အမှတ်၂၄၂ မြေညီထပ်ရှိ ငွေလဲကောင်တာအတွင်း လင်မယားနှစ်ဦး အိပ်ပျော်နေပြီး မီးလောင်ချိန်တွင် ပိတ်မိရာ မီးသတ်တပ်ဖွဲ့ဝင်များ ဝင်ရောက်ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ရခြင်း အကြောင်းရင်းမှာ ဝါယာရှော့ကြောင့်ဖြစ်ကြောင်း သိရပြီး ပိတ်ရက်ဖြစ်သဖြင့် တံခါးပိတ်ကာ အိပ်ပျော်နေချိန် မီးလောင်ခြင်းဖြစ်ကာ အိမ်နီးနားချင်းများက သိရှိခဲ့ခြင်း ဖြစ်သည်။

MTH
SKY Land News & Entertainment Media
https://www.facebook.com/skyland.news


ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ငွေလဲကောင်တာ မီးလောင်မှုဖြစ်ပွား ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ငွေလဲကောင်တာ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 11:11 Rating: 5
Powered by Blogger.