ဈေးကွက်အတွင်း ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေထဲမှာ မှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်း ဆေးဝါး ၃၄ မျိုးထဲက ၁၉ မျိုးဟာ သုံးစွဲဖို့ မသင့်တဲ့ဆေးဝါးတွေဖြစ်နေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိတဲ့ တိုင်းရင်းဆေး ၃၄ မျိုးကို စစ်ဆေးတွေ့ရှိထားပြီး ပထမဆုံး ၁၉ မျိုးကို ထုတ်ပြန်ကြေညာပေးတာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြင့်မြင့်သန်း က ပြောပါတယ်။
" အခုလောလောဆယ်မှာ အားလုံး ၃၄ မျိုး ထုတ်ပြန်ဖို့ရှိပါတယ်၊ ဒီနေ့ ၁၉ မျိုးပါသွားပြီဆိုတော့ ၁၅ မျိုး ကျန်သေးတယ်၊ အခုပထမအကြိမ်အနေ နဲ့ ဈေးကွက်က ကောက်လိုက်တယ်၊ ဒါတွေက မှတ်ပုံတင် မထားပါဘူးဆိုပြီး အများသိအောင်ကြေညာလိုက်တယ်ပေါ့၊ မှတ်ပုံတင်မထားဘူးဆိုလို့ရှိရင် ဒီဆေးရဲ့စစ်မှန်မှုပေါ့နော်၊ အဲဒီအတွက်ကို ကျွန်မတို့ အာမခံချက်မပေးနိုင်လို့ပါ။ "
အဲဒီတိုင်းရင်းဆေးဝါး ၁၉မျိုးကို ဒီကနေ့ အစိုးရသတင်းစာတွေမှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အပူငြိမ်းဆေး ၊ ၀မ်းပိတ်ဆေး၊ ယားနားလိမ်းဆေး ၊ ၀မ်းပိတ်၊ ၀မ်းမှန်ဆေးနဲ့ ချောင်းဆိုးပျောက် ဆေးတွေ ပါဝင်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
တိုင်းရင်းဆေး ၁၉ မျိုး မသုံးသင့်ကြောင်း အစိုးရထုတ်ပြန်
Reviewed by THITHTOOLWIN
on
20:49
Rating:
