ဖလမ်း ဒီဇင်ဘာ ၂
ချင်းပြည်နယ်ဲတွန်းဇံမြို့ ခေါဝုန်^လေးဆန်ရပ်ကွက်၌ ဒီဇင်ဘာ ၁ ရက် ည ၈ နာရီ ၄၅ မိနစ်က ဘုန်းကြီးကျောင်း အထက် လျှပ်စစ်မီး ဒီဇယ်စက်ရုံအနီး၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ အဆောက်အအုံမှာ ယခင်က စက်ရုံအစောင့်နေထိုင်ရန် ယာယီဆောက်လုပ်ထားသော (၁၂ _ ၁၀) ပေ အကျယ်ရှိ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း အဆောက်အအုံဖြစ်ပြီး ဒေါ်ဟောက်ဆွင်းညောင် (၃၉ နှစ်) နှင့် သားမောင်မာန်လွမ်းခိုင် (၆ နှစ်) တို့ ခေတ္တနေထိုင်ပြီး မီးလောင်မှုကို တွန်းဇံမြို့မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရ္ဆာန် ထိခိုက်ပျက်စီးမှုမရှိဘဲ မီးလောင်မှုနှင့် ပတ်သက်၍ တွန်းဇံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်/ပြန်ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တွန်းဇံမြို့၌ မီးလောင်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
09:35
Rating:
