တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းတစ်ကောင် ထပ်မံအသတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊တိုက်ကြီးမြို့နယ်ဥက္ကံမြို့ချောင်းစောက်ကျေးရွာအုပ်စု ကတ္တရာဇာ ကျေးရွာ အုပ်စု အရှေ ဘက် (၂)မိုင်ခန့် အကွာ(ဒေသခေါ်) ကျောက်လုံးကြီးတောရှိုမြောင်း၊ သစ်တောအကွက် အမှတ်(၄၈)မှာ ဒီဇင်ဘာ(၁၀)ရက် နံနက်(၁၀)နာရီက တောဆင်ရိုင်းကိုသတ်ပြီး မီးရှို့ထားတဲ့တောဆင်ရိုင်း အရိုးတွေတွေ့ရှိကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး သက်နိုင်ဦးရဲ့ ပြောကြားချက် အရသိရ ပါတယ်။


 တောဆင်ရိုင်းတစ်ကောင် အသတ်ခံရ ကြောင်း သတင်း အရ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးနှဲ့ ဝန်ထမ်းတွေက သွားရောက်တဲ့အခါ ရက်အနည်းကြာပြီလို့ ယူဆရတဲ့ တောဆင်ရိုင်းကိုသတ်ပြီး မီးရှို့ထားတဲ့ ဆင်အရိုးစုတွေကိုတွေ့ရှိရတယ်လို့  တောအုပ်ကြီး သက်နိုင်ဦးက ပြောပါတယ်။

 တောဆင်ရိုင်းကိုသတ်ပြီး မီးရှို့ထားတဲ့ တောဆင်ရိုင်း အရိုးတွေတွေ့ရှိမှု နဲ့ပတ်သက်ပြီး တောအုပ်ကြီး သက်နိုင်ဦးကတောရိုင်းတိရိစ္ဆာန်နှင့်အပင်များကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)နဲ့ ဥက္ကံနယ်မြေ ရဲစခန်းမှာ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရပါတယ်။


 ဒီဇင်ဘာ (၁)ရက်ကလည်း ချောင်းစောက်ကျေးရွာအုပ်စုမှ အုပ်ချူပ်ရေးမှူး ပါဝင်တဲ့ (၆)ဦးပါ ဆင်ခိုးဂိုဏ်းကို ဖမ်းဆီးရမိခဲ့တဲ့အပြင်ဒီဇင်ဘာ (၄)ရက်က ဆင်သားခြောက်တွေ၊ တူမီးသေနတ်(၂)လက် တို့နဲ့အတူ တရားခံ သန်းလင်းဆိုသူကို ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။

တိုက်ကြီးမြို့နယ် အတွင်း(၂၀၁၅-၂၀၁၆) ခုနှစ်အတွင်းမှာ ရေဒီယိုကော်လာတပ်ဆင်ထားတဲ့ တောဆင်ရိုင်းတစ်ကောင် အပါဝင် တောဆင်ရိုင်း (၉)ကောင်အသတ်ခံရပြီး အခုတောဆင်ရိုင်း တစ်ကောင် အပါအဝင် (၁၀)ကောင်ရှိသွားပြီ ဖြစ်ကြောင်း၊ဒီသတင်းကိုတင်ဝင်းနိုင်(တိုက်ကြီး)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းတစ်ကောင် ထပ်မံအသတ်ခံရ  တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းတစ်ကောင် ထပ်မံအသတ်ခံရ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.