ညောင်တုန်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီဒလကျေးရွာအုပ်စု၊ ညောင်ဇောက် ကျေးရွာ၌ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၈း၅၀ အချိန်တွင် ခရီးသည်တင်မှန်လုံယာဉ်နှင့် ဆိုင်ကယ်တို့မျက်နှာချင်း ဆိုင်တိုက်မိပြီး ဆိုင်ကယ်မှာတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ မိုင်တိုင်အမှတ် ၂၃/၁ နှင့် ၂၃/၂ အကြားတွင် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း (အမည်မသိ) မောင်းနှင်သော “ရဲရင့်ခိုင်” ခရီးသည်တင်မှန်လုံယာဉ်သည် ၄င်းရှေ့ တွင်ရှိသော ကျော်မိုးဝင်း (ယူနီဗာဆယ်) ခရီသည်တင်မှန်လုံယာဉ်အား ကျော်တက်မောင်းနှင်စဉ် ရှေ့မျက်နှာချင်း ဆိုင်ဘက်မှ ယာဉ်မောင်းအမည်မသိမောင်းနှင်သည့် လော်ဂျားအနက်ရောင်ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိကာ ဆိုင်ကယ်မှာတိမ်းမှောက်သွားခဲ့ပြီး ဆိုင်ကယ်ယာဉ်မောင်းနှင့် ဆိုင်ကယ်နောက်တွင်လိုက်ပါလာကြသော အမျိုးသမီး နှစ်ဦး၊ (၆)နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးတို့မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါအမှုတွင် ယာဉ်အားမဆင်မခြင်မောင်းနှင်သည့် “ရဲရင့်ခိုင်” ခရီးသည်မှန်လုံယာဉ်အား မဲဇလီရဲတပ်ဖွဲ့စခန်းမှ အမြန်ဆုံးစုံစမ်း ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် ဖမ်းဆီးရမိပါက အမှုအားခိုင်မာစွာတည်ဆောက် ၍အမြန်ဆုံး တရားစွဲတင်နိုင်ရေး စီမံဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခရီးသည်တင်မှန်လုံယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိ၍ လူ(၄) ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:54
Rating: