သာယာဝတီမြို့ နယ်မှာ ကျောင်းထိုင်းဆရာတော်တစ်ပါး ရက်ရက်စက်စက် သတ်ဖြတ်ခံရ
 သာယာဝတီ အရှေ့ဘက် လျှိုမြောင်အတွင်း ရဟန်းတစ်ပါး ဒါဏ်ရာများနှင့် သေဆုံးနေ
သာယာဝတီမြို့နယ် လှည်းလမ်းကူးကျေးရွာအုပ်စု လှည်းလမ်းကျေးရွာ အမှတ်(၁၀၀၁)လေကြောင်း အရံတပ် အဝင်လမ်းဘေးလျှိုမြောင်အတွင်း ဒီဇင်ဘာ(၂၈)ရက်နေ့ နံနက်က ဘုန်းတော်ကြီးတစ်ပါး ဓါးဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတယ်လို့ သာယာဝတီမြို့မရဲစခန်းမှ ဒုရဲမှူးဦးလှသိန်းရဲ့ပြောကြားချက်အရ သိရပါတယ်။
ကျွန်တော်တို့တွေ့တော့ ဆရာတော်အလောင်းက တောင့်နေပြီ ကြည့်ရတာ ညဦးပိုင်းလောက်ကတည်းက အသတ်ခံထားရပုံပဲ။ ဆရာတော်ကျောင်းရှေ့အဝင်လမ်းမှာ အလှူခံမဏ္ဍပ် ရှိပါတယ်။ အဲ့ဒီအပေါ်မှာ အသတ်ခံရတာထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီမှာသွေးကွက်တွေ့ပါတယ်။ ဒါနဲ့သွေးစီးကြောင်းအတိုင်း လိုက်သွားကြည့်တော့ မဏ္ဍပ်နဲ့ပေ(၃၀)ကျော်အကွာမှာအရိုးအသွား(၂၁)လက်မ အရှည်ရှိတဲ့ ဝါးခုတ်ဓားမတစ်ချောင်းရယ် ယောင်္ကျားလေးတွေ ဝတ်တဲ့ဖန်စီနားကပ်အသေးတစ်ဖက်ရယ်တွေ့ပါတယ်။ ဒါနဲ့သွေးစီးချောင်းအတိုင်း ဆက်လိုက်သွားတော့ပေ(၃၀၀)အကျော် လျှိုမြောင်ထဲမှာ ဆရာတော်ရဲ့ အလောင်းကို ဓားဒဏ်ရာတွေနဲ့သေနေတာကို တွေ့ပါတယ်လို့ လှည်းလမ်းကူးကျေးရွာ အုပ်ချူပ်ရေးမှူးဦးကျော်စွာက ရှင်းပြပါတယ်။
အသတ်ခံရတဲ့ ဆရာတော်ဟာ လှည်းလမ်းကူးကျေးရွာ သရက်တစ်ပင်တောရ ဘုန်းတော်
ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ဥူးအိန္ဒကဖြစ်ပြီး သက်တော် (၄၀)နှစ်ဝါတော်(၂၀)နှစ်ဖြစ်ကာ ကျောင်းမှာ ခန်းနေဆရာတော်တစ်ပါးအပြင် တစ်ခြားမိသာစုဝင်တွေနဲ့အတူ နေတာဖြစ်တယ်လို့သိရပါတယ်။
ဆရာတော်သေဆုံးချိန်မှာ စုစုပေါင်း ဒါဏ်ရာ(၁၂)ချက်တို့နဲ့ သေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။ အလောင်းကို သာယာဝတီဆေးရုံကိုပို့ဆောင်ခဲ့ပြီး သက်သေခံတွေကို စစ်ဆေးရာမှာသေဆုံးသူဘုန်းတော်ကြီးကို ရန်ငြိုးကြောင့် သတ်သွားတာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်တာကြောင့် သာယာဝတီမြို့မရဲစခန်းက (ပ)၈၀၇/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ(၃၀၂)နဲ့ အမှုဖွင့်ထားပြီး တရားခံအမြန်ဆုံး ပေါ်ပေါက်ရေးအတွက် အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့သိရကြောင်းတင်ဝင်းနိုင်(တိုက်ကြီး)က သတင်းပေးပို့ထားပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
Powered by Blogger.