ရန်ကုန် ဒီဇင်ဘာ ၂၉
ကမာရွတ်မြို့နယ် (၆)ရပ်ကွက် ဟံသာဝတီဘူတာနှင့် လှည်းတန်း ဘူတာကြားရထားသံလမ်းပေါ်တွင် ၁ဝ နှစ်အရွယ်မိန်းကလေးတစ်ဦး ကို သတ်ဖြတ်စွန့်ပစ်ခဲ့သည်ဆိုသူ အား လူသတ်မှု၊ မုဒိမ်းမှုတို့ဖြင့် တရားစွဲဆိုလိုက်သည်။
ပြစ်မှုကျူးလွန်သူဟု ယူဆရ သည့် ကျော်အောင်(ခ)ကျော်ကြီး (ခ)ပြာဂလောင်အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂၊ မုဒိမ်းမှုပုဒ်မ ၃၇၆တို့ ဖြင့် တရားစွဲဆိုအရေးယူထား ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။
''ဆေးစစ်ချက်အရ မုဒိမ်းမှု ကျူးလွန်ထားတာတွေ့ရတယ်။ အဲ့ဒါ ကြောင့် ပုဒ်မနှစ်ခုနဲ့တရားစွဲဆိုတာ ပါ''ဟု၎င်းရဲအရာရှိကပြောသည်။
အဆိုပါပြစ်မှုကျူးလွန်သူဟု ယူဆရသူ အောင်ကျော်(ခ)ပြာ ဂလောင်အား ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ် ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ရက်က သေဆုံး သူ မ----သည် ၄င်း၏မိခင်ဖြစ် သူနှင့်အတူပန်းရောင်းနေစဉ် မိခင် ၏ ညီမဖြစ်သူ၏ခင်ပွန်းဟောင်း ပြာဂလောင်(ခ)ကျော်ကြီးဆိုသူက လာရောက်ခေါ်ဆောင်ပြီးနောက် ည ၇နာရီကျော်တွင် မ----သည် လည်ပင်း ပြတ်ရှဒဏ်ရာများ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထက်မြက်အောင်
The Union Daily
https://www.facebook.com/uniondaily.net/
၁ဝနှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့် သတ်ဖြတ်စွန့်ပစ်ခဲ့သည် ဆိုသူအား တရားစွဲ
Reviewed by THITHTOOLWIN
on
21:15
Rating:
