မင်္ဂလာဒုံတွင် ကျပ်သိန်း ၇၀ ဖိုးခန့်ရှိ စိတ်ကြရူးသွပ်ဆးပြားများကို ခရီးသည်တင်ကားပေါ်မှ ပစ်ချသွား

Photo-မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများအား စစ်ဆေးရေတွက်နေပုံ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းရှိ တပ်မတော် ဆေးသက္ကသိုလ် ၂ အနီးတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ငွေကျပ်သိန်း ၇၀ ဖိုးခန့်ရှိ မူးယစ်ဆေးဝါးများကို ခရီးသည်တင် ဒိုင်နာယာဉ်တစီးပေါ်မှ ပစ်ချသွားခဲ့ကြောင်း မင်္ဂလာဒုံမြို့မရဲစခန်းမှ သိရသည်။

ယင်းနေ့ ညနေ ၆နာရီခန့်က တပ်မတော် ဆေးသက္ကသိုလ် ၂ အနီး ပေ၁၀၀ ခန့်အကွာ ခြံစည်းရိုးနားသို့ ပြည်လမ်းပေါ်မှမောင်းနှင်လာသည့် ခရီးသည်ယာဉ်ဒိုင်နာတစီးပေါ်မှ မင်္သကာဖွယ်ရာ အထုပ်တထုပ်ပစ်ချခဲ့သဖြင့် ပတ်ဝန်းကျင်နေသူများက ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။

အကြောင်းကြားမှုကြောင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ရာ အဆိုပါအထုတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို တွေ့ရှိခဲ့သည်ဟု ရဲစခန်းတာဝန်ရှိသူက ပြောသည်။

“ပစ်ချသွားတာပါ။ မျက်မြင်တွေကလည်း ကားနံပါတ်ကို ရုတ်တရက်မမှတ်မိလိုက်ဘူး။ ကျနော်တို့ စုံစမ်းနေပါတယ်”ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်ပြီး မူးယစ်ဆေးဝါးများကို ယာဉ်ပေါ်ကစွန့်ပစ်ခဲ့သူကို မင်္ဂလာဒုံမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

အလားတူ မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က စိတ်ကြွရှုးသွပ်ဆေးပြား ၂၄ သိန်းခန့်ကို ဖမ်းဆီးရမိခဲ့သည်။

ကိုရဲ
News Watch
https://www.facebook.com/NewsWatchJournal/
မင်္ဂလာဒုံတွင် ကျပ်သိန်း ၇၀ ဖိုးခန့်ရှိ စိတ်ကြရူးသွပ်ဆးပြားများကို ခရီးသည်တင်ကားပေါ်မှ ပစ်ချသွား  မင်္ဂလာဒုံတွင် ကျပ်သိန်း ၇၀ ဖိုးခန့်ရှိ စိတ်ကြရူးသွပ်ဆးပြားများကို ခရီးသည်တင်ကားပေါ်မှ ပစ်ချသွား Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.