တောင်ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ |
ဦးညီညီက သူနဲ့ အတူ ဒဂုံမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ ၁၇ ရပ်ကွက် NLD အမှုဆောင် ဥက္ကဋ္ဌတို့ လိုက်ပါလာတဲ့ ကားရဲ့ နောက်ကို တိုးဂိတ် အကျော်မှာ အငှားကား တစ်စီး နောက်က လိုက်မောင်းလာပြီး နှစ်စီး အော်ဟစ်ဆဲဆိုခဲ့ ပြီးနောက် ရန်ပြုမယ့် အခြေ အနေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒါကြောင့် ရဲစခန်းကို ချက်ခြင်း ဖုန်းဆက်ပြီး လူ လေးငါးယောက်က ရန်ရှာမယ့် အနေအထား ရှိတာကို ပြောဆို တိုင်ကြား ခဲ့တယ်လို့ ဦးညီညီက ပြောပါတယ်။
သူဟာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်ကြောင်းနဲ့ ဖုန်းဆက်နေချိန်မှာ သူ့ကားကို ကျော်တတ်ပြီး ရန်ပြုဖို့ လုပ်နေကြောင်း ပြောပြပြီး ရဲစခန်းကို အကူအညီ တောင်းခဲ့တယ်လို့ ကိုညီညီက ပြန်ပြောပါတယ်။
ဒါပေမဲ့ ရဲတွေက လိုက်လာပြီး ကူညီဆောင်ရွက်ပေးခြင်း မရှိတဲ့ အတွက် ရဲစခန်းကို ထပ်မံ ဖုန်းဆက်ပေမဲ့ လည်း အကူအညီ မရကြောင်း ကိုညီညီက ပြောပါတယ်။
သူက ကားကို ဆက်မောင်း ပြေးချိန်မှာ ရန်လိုတဲ့ အငှားကားက အရှေ့ကနေ ပိတ်ရပ် တဲ့ အတွက် သူတို့ ကားပေါ်ကနေ ဆင်းမလာခင် ရဲစခန်း ဖက်ကို အရဲစွန့် မောင်းပြေးခဲ့တယ်လို့ ကိုညီညီက ပြောပါတယ်။
ရဲစခန်းရှေ့ အရောက်မှာ ကားမီး၊ ဖုန်းမီးတွေနဲ့ အချက်ပြ ပေမဲ့ ဘယ်သူမှ မရှိဘဲ တံခါး ပိတ်ထား တာသာ တွေ့ရတယ်လို့ ဆိုပါတယ်။
နောက်ဆုံး ရဲတစ်ယောက် ထွက်လာတော့မှ နောက်က လိုက်လာတဲ့ အငှားကားက မောင်းထွက်သွားတယ်လို့ ကိုညီညီက ပြောပါတယ်။
သူနဲ့ ရန်ငြှိုး ရန်စ ဘာမှ မရှိပေမဲ့ ပြီးခဲ့တဲ့ နှစ်လ သုံးလလောက်ကလည်း အလားတူ လိုက်လံ နှောင့်ယှက်မှုမျိုး ကြုံခဲ့ရတယ်လို့ ကိုညီညီက ပြောပါတယ်။
တောင်ဒဂုံမှာ လမ်းဘေးမှာတင် ရိုက်နှက် ရန်ပြုခံရတာ၊ ကားပေါ်က ကန်ချခံရတာ စတဲ့ ဖြစ်ရပ်တွေရှိနေပြီး ပြဿနာ မဖြစ်ဖူးသူ ဆိုတာ မရှိ သလောက်ပဲလို့ သူက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ခြိမ်းခြောက် နှောင့်ယှက်ခံရတာ တိုင်ပေမဲ့ ရဲက အကူအညီမပေး
Reviewed by THITHTOOLWIN
on
22:00
Rating: