သေဆုံးသည်ဟု သတ်မှတ်ထားသူ ရေခဲတိုက်တွင် အသက်ပြန်ရှင်လာ၍ စစ်ဆေးခဲ့သည့်ဆရာဝန်များကို အရေးယူဖွယ်ရှိ


ဒါဘန် ဒီဇင်ဘာ ၁၃

တောင်အာဖရိကနိုင်ငံ ဒါဘန်မြို့တွင် သေဆုံးသည်ဟု သတ်မှတ် ထားသူတစ်ဦး ရေခဲတိုက်တွင် အသက်ပြန်ရှင်လာခြင်းကြောင့် သေဆုံး ကြောင်း အတည်ပြုခဲ့သည့် ဆရာဝန်များကို အရေးယူဖွယ်ရှိနေကြောင်း အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြသည်။

မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံသို့ ရောက်ရှိလာသည့် အမ်ခီဇီဆိုသည့် အမျိုးသားတစ်ဦးကို ကုသမှုများ ပြုလုပ်ပေးပြီးနောက် အသက်ရှူခြင်းမရှိတော့၍ တာဝန်ကျဆရာဝန်များ က ရေခဲတိုက်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

 သို့သော် ၄င်း၏မိသားစုဝင် များအား အမ်ခီဇီ ဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုပေးရန် ရေခဲတိုက် သို့ခေါ်ဆောင်၍ပြသရာတွင် အသက်ရှူနေကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အမ်ခီဇီအသက်ရှင်ကြောင်း တွေ့ရှိခဲ့ပြီးနောက်တွင် အရေးပေါ်ကုသမှု များပြုလုပ်ပေးကာ အထူးစောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသည်ဟု ဒါဘန်မြို့တော်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရေခဲတိုက်အတွင်း၌ ထားရှိချိန်ကြာမြင့်ခဲ့မည်ဆိုပါက အမှန်တကယ် အသက်သေဆုံးနိုင်သောကြောင့် အမ်ခီဇီကို စစ်ဆေးခဲ့သည့်ဆရာဝန်များ အား အရေးယူဖွယ်ရှိနေခြင်းဖြစ်သည်ဟု သိရသည်။

NG(Ref;Independent)
The Union Daily
https://www.facebook.com/uniondaily.net/
သေဆုံးသည်ဟု သတ်မှတ်ထားသူ ရေခဲတိုက်တွင် အသက်ပြန်ရှင်လာ၍ စစ်ဆေးခဲ့သည့်ဆရာဝန်များကို အရေးယူဖွယ်ရှိ သေဆုံးသည်ဟု သတ်မှတ်ထားသူ ရေခဲတိုက်တွင် အသက်ပြန်ရှင်လာ၍ စစ်ဆေးခဲ့သည့်ဆရာဝန်များကို အရေးယူဖွယ်ရှိ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.