ခင်ဦးမြို့၊ မြနန္ဒာကွက်သစ်၌ မီးလောင်မှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်၊ မြနန္ဒာကွက်သစ်၊ မစိုးစိုးဝင်း (၄၈)နှစ်၊ (ဘ) ဦးအုံးမောင် နေအိမ်တွင် နေ့ ၁ နာရီ ၁၀ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက် နေ့ ၁ နာရီ ၂၀ မိနစ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား ၂ စီး၊ သန္ဓေ ၁၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် ပြည်သူတို့က မီးငြိမ်းသပ်နိုင် ခဲ့သည်။

မီးလောင်မှုတွင် တစ်ထပ်၊ ထရံကာ၊ သွပ်မိုး၊ ၃ ခန်း၊ ၂ ခန်း မီးလောင်ကျွမ်းခဲ့ရာ မီးကြွင်းမီးကျန်မှ လောင်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ခင်ဦးမြို့၊ မြနန္ဒာကွက်သစ်၌ မီးလောင်မှုဖြစ်ပွား  ခင်ဦးမြို့၊ မြနန္ဒာကွက်သစ်၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.