ဇနီးသည်နှင့် လူမှုရေးရှုပ်ထွေးသည်ဟုမြင်ကာ တစ်ရွာတည်းသားချင်း ဓါးခုတ်လူသတ်မှုဖြစ်ပွား


မင်းဘူးမြို့နယ်၊အလံပ္ပါယ်ကျေးရွာတွင် ဒီဇင်ဘာ(၁၁)ရက်နေ့နံနက်ပိုင်းက တစ်ရွာတည်းသားချင်း လှုမှုရေးဖောက် ပြန်သည်ဟု ထင်မြင်ယူဆချက်ဖြင့်ဓါးခုတ်မှုဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးသွားခဲ့မှုနှင့်ပက်သက်၍ သေဆုံးသူ၏ဇနီးဖြစ်သူမှ တိုင်ကြား အမှုဖွင့်ခဲ့ကြောင်းမင်းဘူးမြို့မရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ဦးအောင်မောင်း၊ ၅၁နှစ်၊ အလံပ္ပါယ်ကျေးရွာနေသူသည် ဒီဇင်ဘာ(၁၁)ရက်နေ့ နံနက်(၅)နာရီခွဲအချိန်က လယ်ထဲတွင်ကောက်လှိုင်းသိမ်းရန်အတွက် ၂၆ယ/၉၄၉၂၅ Kenbo-125 ဆိုင်ကယ်ဖြင့် ရွာလယ်လမ်းအတိုင်းမောင်းနှင်သွားစဉ် တစ်ရွာတည်းနေဝေဇင်ဦး၊၃၆နှစ်၏နေအိမ်ရှေ့အရောက်၌ ဝေဇင်ဦးသည် ၎င်း၏နေအိမ်ဝိုင်းအတွင်းမှထွက်လာပြီး ဦးအောင်မောင်းအား ၎င်း၏ဇနီးဖြစ်သူ မယမင်းသိန်းနှင့်လူမှုရေးရှုပ်ထွေးနေသည်ဟုထင်မြင်ကာ ဘာမှပြောဆိုခြင်းမရှိဘဲ ၎င်း၏လက်ထဲတွင် အသင့်ပါလာသည့်အရိုးအသွား(၂၂)လက်မခန့်ရှိ ဓါးမနှင့်ခုတ်ရာ ဦးအောင်မောင်းတွင် ဦးခေါင်းနောက်စေ့ မှ ယာပါးလယ်အထိ(၆)လက်မခန့်ပြတ်ရှဒဏ်ရာ၊ ယာနားနောက်မှ ဦးခေါင်းနောက်စေ့အထက်နားအထိ(၄)လက်မခန့်ပြတ်ရှဒဏ်ရာများရရှိကာ
သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြား ချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ဝေဇင်ဦးအား အရေးယူပေးရန် ဦးအောင်မောင်း၏ဇနီးဖြစ်သူ မယဉ်လဲ့၊ ၃၈နှစ်မှ တရားလိုပြုတိုင်ကြားခဲ့သဖြင့်မင်းဘူးမြို့နယ်၊မြို့မရဲစခန်းက (ပ)၁၀၃၃/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ထား ကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဇနီးသည်နှင့် လူမှုရေးရှုပ်ထွေးသည်ဟုမြင်ကာ တစ်ရွာတည်းသားချင်း ဓါးခုတ်လူသတ်မှုဖြစ်ပွား  ဇနီးသည်နှင့် လူမှုရေးရှုပ်ထွေးသည်ဟုမြင်ကာ တစ်ရွာတည်းသားချင်း ဓါးခုတ်လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 12:25 Rating: 5
Powered by Blogger.