![]() |
အန်းနစ် အမ်မရီ က ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးမှုကို ငြင်းဆန် တဲ့ အတွက် အသေပစ်ခတ် ဖမ်းဆီး |
ကုန်တင်ကား ကို ခိုးယူပြီး ဈေးတန်း ကို ဝင်တိုက် ခဲ့တဲ့ အန်းနစ် အမ်မရီ ရဲ့ မိုဘိုင်း ဖုန်း ထဲမှာ အခု ဖမ်းဆီး ရမိခဲ့သူရဲ့ ဖုန်းနံပါတ် ကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ ဂျာမနီ ရဲ အရာရှိ တစ်ယောက် က ပြောပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှု ကို ကျူးလွန် ခဲ့တဲ့ အန်းနစ် အမ်မရီဟာ နယ်သာလန် နိုင်ငံ ကို ရောက်ရှိ ခဲ့ပြီး အဲဒီ ကမှ တဆင့် အီတလီ နိုင်ငံ ကို သွားရောက် ခဲ့တာ ဖြစ်ကြောင်း ဂျာမနီ တာဝန် ရှိသူ တွေက ပြောပါတယ်။
အီတလီ နိုင်ငံ ကို ရောက်တဲ့ အချိန်မှာတော့ အန်းနစ် အမ်မရီ က ရဲတပ်ဖွဲ့ ရဲ့ စစ်ဆေးမှုကို ငြင်းဆန် တဲ့ အတွက် အသေပစ်ခတ် ဖမ်းဆီး ခြင်း ကို ခံခဲ့ ရတာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဘာလင် တိုက်ခိုက်မှု နဲ့ မသင်္ကာသူ နောက်တစ်ဉီး ကို ဂျာမနီ ဖမ်းဆီး
Reviewed by THITHTOOLWIN
on
11:22
Rating:
