ကချင်ပြည်နယ် ဖားကန့်မြို့နယ် အထက်မက်လင်ချောင်မှော်ရွာအနီးက ကျောက်စိမ်းနန်းတော် ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံ ပြိုကျနေတာကို ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ Photo : Tin Hlaing |
ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်းနဲ့ သူတို့ ရရှိထားတဲ့စာရင်းအရတော့ ပျောက်ဆုံးနေသူ ၂ ယောက် ရှိကြောင်းပြောပါတယ်။
"ပျောက်ဆုံးတဲ့ စာရင်းရတာတော့ ၂ ယောက်ပဲ ရှိတယ်။ မြေစာပုံနားမှာ ဈေးရောင်းနေတဲ့ ဈေးတန်းက တစ်ယောက်ရယ်၊ နောက် အဲဒီ မြေစာပုံနဲ့ အနီးဆုံးရှိတဲ့ ရွာက ရေမဆေးရှာတဲ့ ရေမဆေး တစ်ယောက်ရယ် ။ ဒဏ်ရာက ရတဲ့သူကတော့ ၃ ယောက်ရှိတယ်။ သူတို့ကတော့ သာမာန် ဒဏ်ရာ မစိုးရိမ်ရနဲ့ ဆေးရုံမှာ ၃ ယောက်ရှိတယ်။ ကျန်တဲ့သူတွေကတော့ ဆေးရုံကို သွားစရာမလိုပဲနဲ့ ကျောက်ခဲစင်တာ၊ မှန်တာ၊ ပြေး ရင်းလွှားရင်းနဲ့ ပွန်းတာပဲ့တာလောက်နဲ့ကတော့ အဲဒါ ၇ ယောက် ၈ ယောက်လောက်တော့ ကျနော်တို့ သတင်းရထားတယ်"
ပြိုကျတဲ့ မြေစာပုံနေရာကို ဒီကနေ့မနက်ပိုင်းက ယာဉ်ယန္တရားတွေနဲ့ အသုံးပြုပြီး ရှာဖွေနေရာမှာ တစ်ယောက်ကိုမှ ရှာမတွေ့သေးကြောင်းနဲ့ လောလောဆယ်မှာ ရှာဖွေမှုကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။
အဲဒီ မြေစာပုံပြိုကျတာဟာ ဒီဇင်ဘာ ၂၇ ရက်နေ့က မိုးရွာထားတဲ့အတွက် ပြိုကျတာလို့ခန့်မှန်းထားပြီး ထိခိုက် ဒဏ်ရာ ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေဟာ အထက်မက်လင်ချောင်ရွာကနေ ရေမဆေးကျောက်လာရှာ သူတွေဖြစ်ပါတယ်။
အခုမြေစာပုံပြိုကျတဲ့ နေရဟာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မြေစာပုံပြိုကျလို့ လူတစ်ရာကျော် သေဆုံးခဲ့တဲ့ ကန်ခမ်စုပေါင်းစွန့်ပစ်မြေစာပုံ အနီးမှာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ နိုင်ငံအနှံ့က လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ် သားတွေ နှစ်သိန်းလောက်ရှိပြီး မြေစာပုံနဲ့ ကျောက်တောင်ကမ်းပါးတွေမကြာခဏ ပြိုကျလို့ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဖားကန့်် မြေစာပုံပြိုကျမှု ပျောက် ဆုံးနေသူတွေရှိ
Reviewed by THITHTOOLWIN
on
19:52
Rating: