နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန် စမ်းသပ်ဆောင်ရွက်


မန္တလေး၊ ဒီဇင်ဘာ ၁၂။

နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန် ဒီဇင်ဘာလ ၁၃ ရက်နေ့က ဗထူးကွင်းအားကစားရုံတွင် စမ်းသပ်ဆောင်ရွက်ခဲ့သည် ။

ယင်းသို့စမ်းသပ်ဆောင်ရွက်ရာတွင် ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းဝန်းကျင်ရပ်ကွက်နေ ပြည်သူများအား စမ်းသပ်ဆောင်ရွက်ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၄၅၀၀ ခန့်ရှိကြောင်း သိရသည်။


"ခုလုပ်ပေးနေတာကို အဆင်ပြေမှု ရှိ မရှိ ၊ မြန်ဆန်မှု ရှိ မရှိ စမ်းသပ်ဆောင်ရွက်တာပါ။ အဆင်မပြေရင် စမတ်ကဒ်အဖြစ် လုပ်ဆောင်ပေးဖြစ်မှာမဟုတ်ပါဘူး။ တကယ်လို့ လုပ်ဖြစ်လာရင်တော့ ခုလုပ်ပေးပြီးသားလူတွေ ထပ်လုပ်စရာ မလိုတော့တာပေါ့။ အစိုးရကလည်း e - gorverment အဖြစ်လုပ်နေတာရယ်။ လွှတ်တော်မှာ တင်ပြတဲ့ဟာတွေရယ်ကြောင့် စမ်းသပ်ဆောင်ရွက်တာပါ" ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးတင်ချယ်က ပြောသည်။


ယင်းသို့ နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန်ဆောင်ရွက်ရာတွင် ကိုယ်ရေးအချက်အလက် တောင်းယူခြင်း ၊ လက်ဗွေစကမ် ဖတ်ခြင်း ၊ မျက်စိစကမ် ဖတ်ခြင်းများ နှင့် ဓာတ်ပုံရိုက်ခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ရခြင်းဖြစ်သည် ။

"ဒီလိုဆောင်ရွက်ပေးတာ ကောင်းတဲ့အနေအထားပါ ။ ကိုယ်ရေးအချက်အလက်တွေကို တောင်းယူတာဖြစ်တဲ့ အတွက် ပိုမိုလုံခြုံတယ်ထင်တယ်။ အဆင့်မြင့်လာတဲ့ အနေအထားဖြစ်တယ်"ဟု ပတ်ကုန်းဝန်းကျင်ရပ်ကွက် မှ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်သိန်းက ပြောသည်။

ယင်းသို့ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စတင်၍ စမ်းသပ် လုပ်ဆောင်ပေးပြီးဖြစ်ကြောင်းသိရသည်။

နိုင်လင်းဦး
Central News Myanmar
https://www.facebook.com/CNMyanmar/
နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန် စမ်းသပ်ဆောင်ရွက်  နိုင်ငံသားစီစစ်ရေးကဒ်အား စမတ်ကဒ်ဖြင့် ထုတ်ပေးရန် စမ်းသပ်ဆောင်ရွက် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.