အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု သံတွဲတွင်ဖြစ်ပွား


ဒီဇင်ဘာ ၁၄/DMG

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စာနီတောင်အပိုင်းတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက်(၆၁)နှစ်အရွယ် အမျိုးသားတစ်ဦးက သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ညနေပိုင်းက မိန်းကလေးငယ်မှာ ပျောက်ဆုံးသွားပြီး မိဘများက လိုက်လံရှာဖွေသဖြင့် ညနေ ၈ နာရီအချိန်ခန့်တွင် အိမ်နီးနားချင်းဦးဟန်မောင်(အသက် ၆၁နှစ်) နေအိမ်တွင် ကလေးငယ်ဘောင်းဘီအား ဆုတ်ဖြဲထားကာ လည်ပင်းတွင်ညိုမဲဒဏ်ရာနှင့် ဇာခြည်ထောင်ဖြင့်အုပ်ကာသေဆုံး နေသည်ကို တွေ့ရှိခဲ့ကြောင်းသိရသည်။

“မိန်းကလေးငယ်ဟာ ညနေ ၅ နာရီလောက်မှာ ကျောင်းကဆင်းလာတယ်။ ညနေ ၈ နာရီထိတိုင်အောင် ကလေးငယ်ဟာ အိမ်ကိုပြန်မလာသေးဘူး။ မိဘတွေက လိုက်ရှာမှ အိမ်​နားကအိမ်မှာ ပက်လက်လှန်ပြီး ဘောင်းဘီဆုတ်ဖြဲပြီး သေနေတယ်။ တရားခံကိုတော့ ဖမ်းမိပြီ။ လောလောဆယ် ရာဇတ်သတ်ကြီး ပုဒ်မ ၃၀၂ နဲ့ပဲ အမှုဖွင့်ထားပါတယ်။ အဓမ္မပြုကျင့်မှုဟုတ်၊ မဟုတ်ဆိုတာကို မသိရသေးဘူး။ ဆေးစာပြန်ကျလာတဲ့အခါမှ သိရမယ် ”ဟု သံတွဲမြို့နယ်မှူး ရဲအုပ်ခင်ဇော်က ပြောသည်။

တရားခံဖြစ်သူ ဦးဟန်မောင်(အသက် ၆၁ နှစ်)အား ဖမ်းဆီးရမိထားပြီး သံတွဲမြို့နယ်ရဲစခန်းမှ (ပ) ၆၇၇/၂၀၁၆ ၊ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရအရေးယူဆောင်ရွက်လျက်ရှိပြီ ရဲလုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Development Media Group
https://www.facebook.com/DevelopmentNJ/
အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု သံတွဲတွင်ဖြစ်ပွား  အသက်(၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု သံတွဲတွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.