အရက်ပြင်းများ သောက်သုံးမှုကြောင့် လူ ၄၂ ဦးသေဆုံး


တိုဗာတက်ခ်ဆင်း ဒီဇင်ဘာ ၂၈

ပါကစ္စတန်နိုင်ငံရှိ ရှေးဟောင်းသမိုင်း ဝင်နေရာတစ်ခုဖြစ်သော တိုဗာတက်ခ် ဆင်းအရပ်၌ ခရစ္စမတ်ပွဲတော်အထိမ်း အမှတ်အဖြစ် ပါတီပွဲကျင်းပရာတွင် အရက်ပြင်းများသောက်သုံးမှုကြောင့် လူ ၄၂ ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျာ ဇီးယားသတင်းဌာနက ဖော်ပြသည်။

သေဆုံးခဲ့သူများမှာ သောက်သုံးရန် မသင့်တော်သည့် အဆိပ်ဓာတ်များပါဝင် သော အရက်ပြင်းများကို သောက်သုံး ခဲ့မိခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်အစားအသောက်နှင့်ဆေးဝါး စစ်ဆေးရေးဌာနက သတင်းထုတ်ပြန် သည်။

 သေဆုံးခဲ့သူများထဲတွင် အများစု မှာ ခရစ္စယာန်ဘာသာဝင်များဖြစ်သော် လည်း ငါးဦးမှာမူ မွတ်စလင်များဖြစ် ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က အတည် ပြုခဲ့သည်။

 အရက်ပြင်းများကြောင့် ပြင်း ထန်သည့်ဝေဒနာများခံစားရချိန်၌ ဆေးရုံ သို့တင်ပို့ခဲ့သော်လည်း အချိန်မီကုသနိုင် ခြင်းမရှိသောကြောင့် ၄၂ ဦး သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

 ထို့အပြင် သတိလစ်ခြင်းအပါအဝင် ပြင်းထန်သည့် ဝေဒနာခံစားရသူဦးရေမှာလည်း ၁၅ဝ ကျော်ရှိခဲ့ကြောင်း သိရသည်။

NG(Ref;Aljazeera)
The Union Daily
https://www.facebook.com/uniondaily.net/
အရက်ပြင်းများ သောက်သုံးမှုကြောင့် လူ ၄၂ ဦးသေဆုံး  အရက်ပြင်းများ သောက်သုံးမှုကြောင့် လူ ၄၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.