ပန်းပွဲတော်ကျင်းပရာ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် မုဒိန်းမှုဖြစ်
 ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် မုဒိန်းမှုဖြစ်
12း55 နာရီအချိန်တွင် ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီးက ကန်တော်ကြီးဥယျာဉ် လုံခြုံရေးအား တိုင်တန်းရာ လုံခြုံရေးကမ်မရာများ ပြန်လည်စစ်ဆေးပြီး ရဲတပ်ဖွဲ့ အကူအညီဖြင့် ပြစ်မှုကျူးလွန်သူများကို လိုက်လံ ဖမ်းဆီးနိုင်ခဲ့သည်။
ပြင်ဦးလွင်ရဲတပ်ဖွဲ့ ၏ လျှင်မြန်ဖျတ်လပ်မှုဖြင့် ဒီဇင်ဘာစားသောက်ဆိုင်တွင် တရားခံကို နေ့ ချင်းအချိန်မီ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သူကို ဆက်လက်စစ်ဆေးနေပြီး ရဲလုပ်ထုံးများအရ တိကျခိုင်မာအောင် အမှုတွဲတည်ဆောက်နေကြောင်းသိရသည်။
ပြစ်မှုကျူးလွန်သူမှာ ဖိုးခွါး(ခ )စည်သူခိုင် ဘ /ဦးသိန်းလွင် အလုပ်အကိုင် ပန်းထိမ်သင် နေရပ် ----------- ရွာ စစ်ကိုင်းတိုင်းဒေသကြီး ဖြစ်သည်။
ပြစ်မှုကျူးလွန်ခံရသူမှာ မ------- ပညာအရည်အချင်း(၁၀ )တန်းအောင် အသက် (၂၀)နှစ်
ကွန်ပျူတာစာရင်းကိုင် =====ကုမ္ပဏီ။ မန္တလေးမြို့ ဖြစ်သည်။
ဖြစ်စဉ် အားလုံး ရဲတပ်ဖွဲ့မှ အသေးစိတ်ဆောင်ရွက် နေကြောင်း သိရသည်။
ယင်းဖြစ်စဉ်သည် ပြင်ဦးလွင် ဂုဏ်သိက္ခာကို ညှိုးမှိန်မှုမဖြစ်အောင် ရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်သင့်သည်။
တရားလို တရားခံ ညှိနှိုင်းအဖြေရှာသည့်နည်းကို လုံးဝလက်သင့်မခံနိုင်ကြောင်း ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီးဥယျာဉ်မှ ထပ်ဆင့်တရားစွဲဆိုသင့်သည်။
ရွှေဘိုမင်းသုခ
၂၈/12 /2016
https://www.facebook.com/minthu.kha.505
ပန်းပွဲတော်ကျင်းပရာ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် မုဒိန်းမှုဖြစ် ပန်းပွဲတော်ကျင်းပရာ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီး ဥယျာဉ်တွင် မုဒိန်းမှုဖြစ် Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.