မင်းကွန်းဓမ္မနာဒ ပိဋကတ်တိုက်မီးလောင်မှုကြောင့် မင်းကွန်းဆရာတော်ကြီး၏ ပေစာပုရပိုက် အချို့ ဆုံးရှုံးခဲ့


စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး မင်းကွန်း တိပိဋက ဓမ္မနာဒ ပရိယတ္တိစာသင်တိုက်အတွင်းရှိ အရင် ပိဋကတ် တိုက်ကျောင်းဆောင်ဟာ ဒီဇင်ဘာ(၁၂)ရက်က မီးလောင်ကျွမ်းမှုကြောင့် မင်းကွန်းဆရာတော် ဘုရားကြီး သက်ရှိ ထင်ရှားရှိစဉ်က ရေးသားခဲ့တဲ့ ပိဋကတ်စာပေအချို့နဲ့ ပေစာပုရပိုက်အချို့ ဆုံးရှုံး သွားတယ်လို့ မင်းကွန်း တိပိဋက ဓမ္မနာဒပရိယတ္တိ စာသင်တိုက်ကျောင်း မဟာဗုဒ္ဓဝင်ပြခန်း ဆရာတော် ဦးကေသရရဲ့ ပြောကြားချက်အရ သိရပါတယ်။

 အခု ဆုံးရှုံးခဲ့တဲ့ စာပေတွေဟာဆရာတော်ကြီး အမြတ် တနိုးရေးသားထားတဲ့ စာပေများဖြစ်ပြီး အလွန်တရာတန်ဖိုးမဖြတ်နိုင်တဲ့ စာပေတွေဖြစ်တယ်လို့ ဆရာတော်ဦးကေသရကပြောကြားပါတယ်။

 မီးလောင်မှုကြောင့် ပိဋကတ်စာပေအချို့ ထည့်ထားတဲ့ ဗီရို(၂)လုံး၊ ပေစာပုရပိုက်အချို့ထည့်ထားတဲ့ ဗီရို(၂)လုံးနဲ့ လက်ရှိသတင်းသုံးနေတဲ့ ဆရာတော်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေပါဝင်တယ်လို့ သိရပါတယ်။

 အခု မီးဘေးသင့်ခဲ့တဲ့ ကျောင်းဆောင်ဟာ မင်းကွန်းဆရာတော်ဘုရားကြီးသက်ရှိထင်ရှားရှိစဉ်က ပိဋကတ်တော် တွေထားရှိခဲ့တဲ့ ပိဋကတ်တိုက်ကျောင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။

မီးဘေးသင့်ခဲ့တဲ့ ကျောင်းဆောင်ဟာ သက်တမ်းနှစ်(၆၀)ကျော်လောက်ရှိပြီး အုတ်တိုက်အခံ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ (၃)ထပ်ကျောင်း ဆောင်ဖြစ်တယ်လို့သိရပါတယ်။

 မင်းကွန်းပိဋကတ်တိုက်ကျောင်းဆောင်ဟာ ဒီဇင်ဘာ(၁၂)ရက် ည(၁၀)နာရီလောက်က လျှပ်စစ်ဝါယာကြိုးတွေအပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ည(၁၁)နာရီထိုးမှာမီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကို မန္တလေးဗျူရိုက ဇင်လင်းထွန်း ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
မင်းကွန်းဓမ္မနာဒ ပိဋကတ်တိုက်မီးလောင်မှုကြောင့် မင်းကွန်းဆရာတော်ကြီး၏ ပေစာပုရပိုက် အချို့ ဆုံးရှုံးခဲ့  မင်းကွန်းဓမ္မနာဒ ပိဋကတ်တိုက်မီးလောင်မှုကြောင့် မင်းကွန်းဆရာတော်ကြီး၏ ပေစာပုရပိုက် အချို့ ဆုံးရှုံးခဲ့ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.