အမြန်လမ်းတွင် နံနက်ပိုင်း၌ ယာဉ် ၂ စီး မတော်တဆမှုဖြစ်


နေပြည်တော် ဒီဇင်ဘာ ၁၄

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၀၄/၅ နှင့် ၃၀၄/ ၆ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းစိုး မျိုးဝင်း မောင်းနှင် လာသော SUZUKI SWIFT မော်တော်ယာဉ်မှာ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀ က ရှေ့ဝဲဘက် ဘီးပေါက်ပြီး အရှိန်မထိမ်းနိုင်ဘဲ လမ်းယာ ဘက် မြောင်းအတွင်း တိမ်းမှောက်ခဲ့သည်။

ဖြစ် စဉ်ကြောင့် SUZUKI SWIFT ယာဉ်မောင်း စိုင်းစိုးမျိုးဝင်းမှာ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်။

အလားတူ နံနက် ၇ နာရီခွဲတွင် အမြန်လမ်းမိုင်တိုင်အမှတ် ၃၂၉/၀ နှင့် ၃၂၉/၁ အကြား နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်းကျော်မင်း လင်း မောင်းနှင် လာသော HILUX ယာဉ်မှာ ၀ဲဘက်ရှေ့ ဘီးပေါက်ပြီး အရှိန် မထိမ်းနိုင်ဘဲ လမ်းလယ် ကပ်တုံးတိုက်ပြီး တစ်ပတ် လိမ့်တိမ်းမှောက် ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ၃ ဦးအနက် အမျိုးသမီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ ဒဏ်ရာ (မစိုးရိမ်ရ) ကြောင်း သိရသည်။ ဒဏ်ရာ ရရှိသူများ အား ပြင်စည် အမြန်လမ်းရဲတပ်ဖွဲ့ပိုင် ကားဖြင့် နွားထိုးကြီး ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ရပြီး ယာဉ် မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်းများအား အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရ သည်။

သန်းဦး (လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အမြန်လမ်းတွင် နံနက်ပိုင်း၌ ယာဉ် ၂ စီး မတော်တဆမှုဖြစ် အမြန်လမ်းတွင် နံနက်ပိုင်း၌ ယာဉ် ၂ စီး မတော်တဆမှုဖြစ် Reviewed by THITHTOOLWIN on 17:00 Rating: 5
Powered by Blogger.