ဝန်ထမ်း တစ်ဦး သေကြောင်း ကြံစည်ပြီးနောက် ဂျပန်နိုင်ငံ၏ အကြီးဆုံး ကြော်ငြာ ကုမ္ပဏီ စီအီးအို နုတ်ထွက်ခဲ့ရ
တိုကျို၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံရှိ အကြီးဆုံး ကြော်ငြာ ကုမ္ပဏီ Dentsu Inc., ၏ အမှုဆောင် အရာရှိချုပ် တာဒါရှိ အိရှီအိ (Tadashi Ishii) က လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အလုပ်ဝန်ပိနေသော ဝန်ထမ်းတစ်ဦး မိမိကိုယ်ကို သတ်သေခဲ့မှုတွင် ၎င်းအနေနှင့် တာဝန်ရှိသဖြင့် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက်က ကြေညာခဲ့သည်။
၎င်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က အသက် ၂၄ နှစ်အရွယ် Matsuri Takahashi အမည်ရှိ အမျိုးသမီး ဝန်ထမ်းသည် အဆောက်အဦပေါ်မှ ခုန်ချကာ မိမိကိုယ်ကို သတ်သေခဲ့မှုတွင် တိုက်ရိုက် တာဝန်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။
Matsuri Takahashi သေဆုံးမှုအား စုံစမ်းခဲ့ရာ အဆိုပါ သေဆုံးမှုသည် ပြဋ္ဌါန်းထားသည့် အလုပ်သမား ဥပဒေအရ တစ်နေ့ အလုပ်ချိန် ၈ နာရီနှင့် တစ်ပတ်လျှင် နာရီ ၄၀ သတ်မှတ်ထားသော်လည်း ၎င်းမှာ တရားမဝင် အလုပ်ချိန်များ များပြားစွာ အတင်းအကျပ် ခိုင်းစေမှုကြောင့် ယခုလို သေဆုံးခဲ့ခြင်း ဖြစ်သည်ကို ဂျပန်နိုင်ငံ အလုပ်သမား တာဝန်ရှိသူများက စုံစမ်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
China Xinhua News
ဝန်ထမ်း တစ်ဦး သေကြောင်း ကြံစည်ပြီးနောက် ဂျပန်နိုင်ငံ၏ အကြီးဆုံး ကြော်ငြာ ကုမ္ပဏီ စီအီးအို နုတ်ထွက်ခဲ့ရ
Reviewed by THITHTOOLWIN
on
19:50
Rating:
