မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံး

မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံး
မော်လမြိုင်၊ ဒီဇင်ဘာ ၂၇။ ။ကျိုက်ထိုမြို့နယ်၊ ကျူချောင်ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်က (၂၂)ဘီး တွဲကားယာဉ်နှင့် ISUZU ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ ISUZU ယာဉ်ပေါ်ပါသူ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းကျေးရွာနေ ကိုအေးမင်းစိုး မောင်းနှင်လာသော အဖြူရောင်(၂၂)ဘီး တွဲကားယာဉ်သည် ကားလမ်းမိုင်တိုင်အမှတ်(၁၁၅ / ၀)အရောက်တွင် ၎င်း၏ ရှေ့မှ သွားနေသော ယာဉ်တစ်စီးအား ကျော်တတ်ရာမှ တစ်ဖက်ယာဉ်ကျောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ ညောင်လေးပင်မြို့နယ်၊ မြို့မ(၄)ရပ်ကွက်နေသူ မောင်သူရအောင် မောင်းနှင်သော ISUZU ယာဉ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့မရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖေါ်ထားသည်။

ယာဉ်တိုက်မှုကြောင့် ISUZU ယာဉ်ပေါ်တွင် လိုက်ပါလာသူ ဦးခင်မောင်ဝင်းမှာ ဒဏ်ရာပြင်းထန်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း မောင်သူရအောင်နှင့် ဦးစောဇော်ဦးတို့နှစ်ဦးမှာ ဒဏ်ရာရှိခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တဖက်ယာဉ်ကြောမှ ယာဉ်အား ဝင်ရောက်တိုက်မိသူ ကိုအေးမင်းစိုးကို ကျိုက်ထိုမြို့မရဲစခန်းမှ ယာဉ်(ပ) ၉၆ / ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၄ - က / ၃၃၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

သတင်း - ဟိန်းထက်
ဓါတ်ပုံ - နေလင်းအောင်
Hinthar Media Corporation
https://www.facebook.com/hintharmediacorporation
မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံး မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ၍ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:29 Rating: 5
Powered by Blogger.