မောင်တောမြို့နယ်၌် မီးလောင်မှုဖြစ်ပွား


ဒီဇင်ဘာ ၁၂ ရက် ည ၁၂ နာရီခွဲတွင် မောင်တောမြို့နယ် နယ်မြေ ၅ စံပယ်ကုန်းကျေးရွာနေ ဖွေရာဇူလ်၏ နေအိမ် မီးဖိုချောင်ရှိ မီးကြွင်းမီးကျန်မှ စတင်၍အနီးရှိ နူရ်ဟူဆောင်း နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ရွာသားများက ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီခွဲတွင် မီးငြိမ်းသတ် နိုင်ခဲ့သော်လည်း အလျား ၂၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၈ ပေခန့်ရှိ သက်ကယ်မိုး၊ ၀ါးထရံကာ မြေစိုက် နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် တန်ဖိုးငွေကျပ် သုံးသောင်းခန့် ဆုံးရှုံးခဲ့ရပြီး ဖွေရာဇူလ်အား မီးပေါ့ဆမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောမြို့နယ်၌် မီးလောင်မှုဖြစ်ပွား  မောင်တောမြို့နယ်၌် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.