နေပြည်တော်သို့ ၀င်ရောက်မည့် ဘင်္ဂါလီ ၆ ဦးနှင့် သယ်ဆောင်သူ ၃ ဦးတို့အား ကျောက်တော်တွင် ဖမ်းဆီးရမိ


ရခိုင်ဂေဇက် ၊ ဒီဇင်ဘာ ၂၉

နေပြည်တော်သို့ ၀င်ရောက်မည့် ဘင်္ဂါလီ ၆ ဦးနှင့် သယ်ဆောင်သူ ၃ ဦးအား ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားကြီး အရှေ့ဘက်မုဒ်အနီးတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ဖမ်းဆီးရမိကြောင်း သတင်း ရရှိသည်။

အဆိုပါ ဘင်္ဂါလီ ကျား ၆ မှာ ကျောက်တော်မြို့နယ် ပိုက်သည်ရပ်ကွက်မှ ၄ ဦး ၊ အပေါက်ဝ ကျေးရွာမှ ၂ ဦးတို့ဖြစ်ကြောင်း ၄င်းတို့ကား သယ်ဆောင်သူများမှာ နယ်ပြည်တော်မှ မြန်မာ ၃ ဦးတို့ ဖြစ်ကြောင်း သရက်တပင် ရဲကင်းစခန်းမှ ဒုရဲအုပ် နေကိုထွန်းက ပြောသည်။

ဒုရဲအုပ်နေကိုထွန်းက “ ဘင်္ဂါလီ ၆ ဦးကိုမိတယ်ဆိုတာ ဟုတ်ပါတယ်။ ကားကတော့ အိမ်စီးကား အမျိုးအစားပါ ။ သယ်တဲ့ လူတွေက နယ်ပြည်တော်ကပါ ။ ကျွန်တော်တို့ ရှာဖွေတော့ ဘင်္ဂါလီ ၄ ဦးက ကားနောက်ဖုံးမှာ ထည့်ထားကိုတွေ့ပါတယ်။ ကျန်တဲ့ ၂ ဦးကိုတော့ အလယ်ခုံမှာ တင်ပြီး ယူတာပါ။ ” ဟုပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်တော်မြို့မရဲစခန်းမှ ပ / ၂၈၄ / ၂၀၁၆ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် စစ်ဆေးလျှက် ရှိကြောင်း သိရသည်။

Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
နေပြည်တော်သို့ ၀င်ရောက်မည့် ဘင်္ဂါလီ ၆ ဦးနှင့် သယ်ဆောင်သူ ၃ ဦးတို့အား ကျောက်တော်တွင် ဖမ်းဆီးရမိ နေပြည်တော်သို့ ၀င်ရောက်မည့် ဘင်္ဂါလီ ၆ ဦးနှင့် သယ်ဆောင်သူ ၃ ဦးတို့အား ကျောက်တော်တွင် ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.