နေပြည်တော်သို့ အထောက်အထားမဲ့သွားရောက်မည့် ဘင်္ဂလီလူမျိုး ၆ ဦးနှင့် သယ်ဆောင်သူသုံးဦးဖမ်းဆီးမိ

(ရဲက ဖမ်းဆီးနေစဉ် မြင်ကွင်း)
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂလီလူမျိုး ၆ ဦးနှင့် သူတို့အား သယ်ဆောင်လာသူ ဗမာလူမျိုးသုံးဦးတို့ကို ယနေ့ ဖမ်းဆီးရမိသည်ဟု ကျောက်တော်မြို့နယ် သရက်တစ်ပင် ရဲစခန်းမှူးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ကျောက်တော်မြို့နယ်က ဘင်္ဂလီတွေ ဖြစ်ပါတယ်။ စုစုပေါင်း ၆ ဦးပါ။ သယ်ဆောင်သူတွေက ဗမာအမျိုးသား ၃ ဦးပါ။ ကျောက်တော်မြို့နယ် မဟာမုနိ ဘုရားအနီးမှာ ဖမ်းမိတာ ဖြစ်ပါတယ်” ဟု စခန်းမှူးက ပြောသည်။

(ရဲက ဖမ်းဆီးနေစဉ် မြင်ကွင်း)
သူတို့အား စစ်ဆေးချက်အရ ကျောက်တော်မြို့နယ် မှ နေပြည်တော်ထိ အထောက်အထားမဲ့သွားရောက်မည် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု စခန်းမှူးက ပြောသည်။

“ အသေးစိတ်တော့ မပြောနိုင်သေးဘူးဗျာ။ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် ဘယ်ရွာက ဖြစ်တယ်။ ဘယ်သူတွေ ဖြစ်တယ်ဆိုတာတော့ နောက်ကျမှ မေးပါ” ဟု စခန်းမှူးက ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
နေပြည်တော်သို့ အထောက်အထားမဲ့သွားရောက်မည့် ဘင်္ဂလီလူမျိုး ၆ ဦးနှင့် သယ်ဆောင်သူသုံးဦးဖမ်းဆီးမိ  နေပြည်တော်သို့ အထောက်အထားမဲ့သွားရောက်မည့် ဘင်္ဂလီလူမျိုး ၆ ဦးနှင့် သယ်ဆောင်သူသုံးဦးဖမ်းဆီးမိ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.