အလောင်း ၁ လောင်း၊ မိုင်းနှင့် လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်သောင်း ကျန်းသူအလောင်း ၁ လောင်း၊ မိုင်းနှင့် လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသအတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ (၁၃)ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မုံးကိုးစခန်း၏ ခြံစည်းရိုးအနီးမှ MNDAA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၁ လောင်း၊ အမ် ၂၁ ကျည် ၂၀ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


အလားတူ တပ်တော်စစ်ကြောင်းသည် ဒီဇင်ဘာလ (၁၃)ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မုံးကိုးမြို့၊ ကိလာပကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၅၀၀ ခန့်အကွာသို့ ရောက်ရှိ ရှင်းလင်းစဉ် ဟန်းကောအတွင်း ယမ်းအပြည့် ထည့်ထားသည့် အကြမ်းဖက်သောင်း ကျန်းသူများထောင်ထားသော ဒေသန္တရလက်လုပ်မိုင်းတစ်ခုကို ရှာဖွေ တွေ့ရှိရှင်းလင်းခဲ့သည်။

ထို့အတူ ဒီဇင်ဘာလ (၁၃)ရက်နေ့ ယနေ့မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မုံးကိုးမြို့၊ ရပ်ကွက် ၆ အနီးရှိ ကြံတောအစပ်မှ အမ် ၂၂ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၉၀ တောင့်၊ အာရ်ပီဂျီ ပို့ကျည် ၂ တောင့်၊ ဒီတိုနေတာ ၁၁ ခုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရု
https://www.facebook.com/Cincds/
အလောင်း ၁ လောင်း၊ မိုင်းနှင့် လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ အလောင်း ၁ လောင်း၊ မိုင်းနှင့် လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.