လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကို နေရာချထားပေး

အစိုးရတပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်တာကြောင့် တိမ်းရှောင်လာသူတွေကို ကျောက်မဲမြို့ နမ့်စီးလင်းကျောင်းမှာ နေရာချ ထားပေးတာကို ဒီဇင်ဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။Photo: Kan Thar/RFA
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ညောင်မောင်းကျေးရွာနားမှာ အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA တပ်တွေ ဒီကနေ့အထိ တိုက်ပွဲဖြစ်တာကြောင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ဒေသခံတွေကို ခေါ်ယူပြီး ကျောက်မဲမှာ နေရာချထားပေးနေပါတယ်။

လက်ရှိအချိန်မှာ ညောင်မောင်းကျေးရွာကနေ ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာသူ ၂၀၀ နီးပါးရှိနေတယ် လို့ ကျောက်မဲမြို့မှာရှိနေတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က ပြောပါတယ်။

ညောင်မောင်းကျေးရွာဟာ ကျောက်မဲမြို့နဲ့ မိုင်ငါးဆယ်ဝန်းကျင် လောက်ကွာဝေးတာဖြစ်ပြီး လမ်းပန်းဆက် သွယ်ရေး ခက်ခဲတဲ့ကျေးရွာဖြစ်ပါတယ်။

လက်ရှိမှာ ကျောက်မဲမြို့ နမ့်စီးလင်းကျောင်းမှာ နေရာချထားပေးထားပြီး ရွာမှာကျန်ခဲ့သူတွေကိုလည်း သွားရောက်ခေါ်နေပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး အဲဒီကျေးရွာနားမှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အဲဒီနေ့က ညောင်မောင်းကျေးရွာက အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး သံဃာ၃ ပါးနဲ့ ကျေးရွာသား စုစုပေါင်း ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကို နေရာချထားပေး လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ဘေးဒုက္ခသည်တွေ ကို နေရာချထားပေး Reviewed by THITHTOOLWIN on 19:50 Rating: 5
Powered by Blogger.