မုံးကုံးမြို့အတွင်း မပေါက်ကွဲသေးသည့် ဗုံးသီး ၄ လုံးနှင့် လေယာဉ်ဗုံးသီး ၁ လုံးတွေ့ရှိ ရှင်းလင်း


နေပြည်တော်၊ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း တပ်မတော်စစ်ကြောင်းများက မပေါက်ကွဲသေးသည့် ဗုံးသီးများကို ရှာဖွေရှင်းလင်းလျက်ရှိရာ ဒီဇင်ဘာ ၁၃ ရက်တွင် မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီး ၄ လုံးနှင့် လေယာဉ်ဗုံးသီး ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။


အဆိုပါ ဗုံးသီးများမှာ မုံကိုးမြို့၊ ရပ်ကွက်(၃)အတွင်းမှ ၆၀ မမ ဗုံးသီး ၁ လုံး၊ ရပ်ကွက်(၅)အတွင်းမှ ၆၀ မမ ဗုံးသီး ၃ လုံးနှင့် လေယာဉ်ဗုံးသီး ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် စနစ်တကျ သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
မုံးကုံးမြို့အတွင်း မပေါက်ကွဲသေးသည့် ဗုံးသီး ၄ လုံးနှင့် လေယာဉ်ဗုံးသီး ၁ လုံးတွေ့ရှိ ရှင်းလင်း  မုံးကုံးမြို့အတွင်း မပေါက်ကွဲသေးသည့် ဗုံးသီး ၄ လုံးနှင့် လေယာဉ်ဗုံးသီး ၁ လုံးတွေ့ရှိ ရှင်းလင်း Reviewed by THITHTOOLWIN on 12:11 Rating: 5
Powered by Blogger.