တပ်မတော်စစ်ကြောင်းများကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခန့်တွင် ကြူကုတ် (ပန်ဆိုင်း) မြို့အတွင်း KIA/MNDAA လက်နက်ကိုင်အဖွဲ့ အင်အား ၁၂ ဦးခန့်က မိုင်း ၁ လုံး ဖောက်ခွဲ၍လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မုံးကိုးမြို့၊ လွယ်ဝိန်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ MNDAA လက်နက်ကိုင်အဖွဲ့အင်အား ၂၀ ဦးခန့်က လည်းကောင်း၊ နံနက် ၁၁နာရီခွဲခန့်တွင် လက်နက်ကိုင် ပူးပေါင်းအဖွဲ့က မိုင်း ၃ လုံးဖောက်ခွဲ၍လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီ၅၅ မိနစ်ခန့်တွင် နယ်မြေ ရှင်းလင်းစဉ် ဟေမိုးလုံကျေးရွာ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ KIA/MNDAA လက်နက်ကိုင်အဖွဲ့ အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် လွယ်ဝိန်းကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၅၀၀ သို့ရောက်ရှိစဉ် MNDAA လက်နက်ကိုင် အချို့ကလည်းကောင်း မိုင်းဖောက်ခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည် တိုက်ခိုက်ခဲ့သည်။
ဖြစ်စဉ်များတွင် လက်နက်ကိုင်ပူးပေါင်း အဖွဲ့များထံမှ အလောင်း ၄ လောင်း၊ RPG ဒုံးပစ်လောင်ချာ အပါအ၀င် သေနတ် ၄ လက်၊ ကျည်မျိုးစုံ ၆၁၆ တောင့်၊ အေကေကျည် ၄၀ တောင့်၊ ဗုံးသီး ၄ လုံး၊ ကျည်အိမ်မျိုးစုံ ၃ ခု၊ လက်ပစ်ဗုံး ၃ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ပြား (ကာလတန်ဖိုးကျပ်ငွေ ၂၆ သိန်း ကျပ်ခန့်)၊ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ အသက်စွန့်လွှတ်ခဲ့ရ၍ တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မုံးကိုးမြို့အတွင်းရှိ ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေ အား စိစစ်ဆဲဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ထားပါသည်။
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
by သစ်ထူးလွင်
မုံးကိုးမြို့ မှာ တိုက်ပွဲ ပြင်းထန်ဆဲ
Reviewed by THITHTOOLWIN
on
18:59
Rating:
