ABSDF ခေါင်းဆောင်တဦး ကချင်မှာ ဖမ်းဆီးခံရ

ABSDFဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဌေး
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး ( ABSDF) ဗဟိုကော်မတီဝင် မြောက်ပိုင်းဒေသ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းဌေးကို ဗန်းမော်-လွယ်ဂျယ် ကားလမ်းပေါ်က သိမ်လုံဂိတ်မှာ မြန်မာစစ်တပ်က ဒီကနေ့ညနေပိုင်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အကြောင်းကိုတော့ သူစီးလာတဲ့ ခရီးသည်တင် ဘက်စကားမောင်းသူကပြောပါတယ်။ သူ့ကို ဗျူဟာမှူးက ခေါ်ခိုင်းလို့ ဖမ်းသွားတယ်လို့ဆိုပါတယ်။ ဗန်းမော်မှာရှိနေကတည်းက စရဖ လို့ခေါ်တဲ့ စစ်ဖက်လုံခြုံရေးအဖွဲ့တွေကနေ သူနဲ့ ပတ်သက်ပြီး ကားဂိတ်ကို လာပြီးတော့ မေးတာတွေရှိတယ်လို့ သိထားရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိတော့ ABSDF အဖွဲ့ဘက်ကနေ တုံ့ပြန်ချက် ချက်ချင်းထွက်မလာသေးပါဘူး။ ABSDF အဖွဲ့ဟာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁ ဖွဲ့ဖြစ်ပြီးကိုမင်းဌေးဟာလည်း ABSDF ကို ကိုယ်စားပြုပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ဖူးပါတယ်။

သူဟာ နာမည်ကျော် Hollywood ရုပ်ရှင်မင်းသား Sylvester Stallone နဲ့ ရိုက်ကူးထုတ်လုပ်သရုပ်ဆောင်တဲ့ Rambo 4 ရုပ်ရှင်မှာ မြန်မာစစ်တပ် စစ်ဗိုလ်တဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ABSDF ခေါင်းဆောင်တဦး ကချင်မှာ ဖမ်းဆီးခံရ ABSDF ခေါင်းဆောင်တဦး ကချင်မှာ ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:13 Rating: 5
Powered by Blogger.