နိုဝင်ဘာ ၂၂၊ ၂၀၁၆ ခုနှစ်
မန္တလေးမှ မူဆယ်သို့ ဖရဲသီးများ တင်ဆောင်မောင်းနှင်လာသည့် ဟီးနိုးအမျိုးအစား (၆) ဘီး ကုန်တင်ယာဉ်၊ ယာဉ်အမှတ် 3 B/4178 သည် နန့်ကွတ်ကျေးရွာမှ ကွတ်ခိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် နားဝိုင်အုပ်စု၊ စဖြူးကျေးရွာအနီး၌ KIA/ TNLA/ MNDAA လက်နက်ကိုင် အဖွဲ့များက ယာဉ်အား လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်ခိုင်းပြီး ယာဉ်မောင်းနှင့် နောက်လိုက်တို့ကို ထွက်ပြေးခိုင်းကာ အဆိုပါ ကုန်တင်ယာဉ်အား လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့် ပစ်ခတ်ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
KIA/ TNLA/ MNDAA လက်နက်ကိုင် အဖွဲ့များက ဖရဲသီးတင်ဆောင်လာသည့် ကုန်တင်ယာဉ်အား ပစ်ခတ်ဖျက်ဆီး
Reviewed by THITHTOOLWIN
on
16:25
Rating:
