ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲ လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာ သတ်မှတ်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံသို့ ဒီဇင်ဘာ ၁ ရက် ကြာသပတေးနေ့ ည ၈ နာရီတွင် စင်ကာပူရောက် မြန်မာလူထုနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး အဆိုပါပွဲသို့ တက်ရောက်လိုသူများအနေဖြင့် တဦးလျှင် စင်ကာပူဒေါ်လာ ၁၅ ဒေါ်လာဖြင့် လက်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာကလပ်(Myanmar Club)က ထုတ်ပြန်ထားသည်။

“၂၀၁၆ ဒီဇင်ဘာ ၁ ရက် ကြာသပတေးနေ့ ည ၈ နာရီ (Mega Box, Convention Centre (Big Box) တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲသို့ တက်ရောက် မည့်သူများ မှတ်ပုံတင်ကြေး (စင်ကာပူ ၁၅ ဒေါ်လာ) ဖြင့် နံနက် ၈ နာရီမှ စ၍ www.megaboxtickets.com/events/Link တွင် စတင်လက်ခံနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု အသိပေးကြေညာအပ်သည်” စင်ကာပူမြန်မာကလပ်က ထုတ်ပြန်ထားသည်။ လူကိုယ်တိုင် စာရင်းပေးသွင်းလိုသူများအတွက် big box ပထမထပ်ရှိ Reception Counter ၌ စာရင်းသွင်းနိုင်သည်ဟု ကြေညာထားသည်။

ယင်းကဲ့သို့ စာရင်းပေးသွင်းရာ၌ နိုင်ငံတော်အတိုင်ပင်ခံ၏ လုံခြုံရေးအတွက် ကွန်ပျူတာမှ အလိုအလျောက် သတ်မှတ်ပေးသော ခုံနံပါတ်စနစ်ဖြင့် မှတ်ပုံတင်ပေးမည်ဖြစ်ပြီး မည်သူမျှ ခုံနံပါတ်ရွေးချယ်စာရင်းပေးသွင်းခြင်းပြုလုပ်၍မရဟု ကြေညာထားသည်။ မီဒီယာဝင်ခွင့်လျှောက်ထားလိုသော မီဒီယာဆိုင်ရာ မှတ်ပုံတင် ပြုလုပ်ထားပြီးကြောင်း အထောက်အထားကို အီးမေးလ်/ပြန်စာကိုယ်စားပြု မီဒီယာအချက်အလက်များအတွက် myatmartun@myanmarclubsg.org သို့ အီးမေးလ်ဖြင့် လျှောက်ထားရမည်ဟု ကြေညာထားသည်။ အဆိုပါ Mega Box, Convention Centre သည် စတုရန်းပေ ၇ သောင်းကျော် ကျယ်ဝန်းပြီး စင်္ကာပူနိုင်ငံ၏အကြီးမားဆုံးသောခန်းမတခုဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲ လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာ သတ်မှတ်  ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာလူထုတွေ့ဆုံပွဲ လက်မှတ်တစောင်လျှင် ၁၅ ဒေါ်လာ သတ်မှတ် Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.