နိုဝင်ဘာလ ၁၇ရက်နေ့ မွန်းလွဲ ၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မြို့နယ်၊ ၈၄လမ်းပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုး အတုနှင့် အစစ် လဲလှယ်လိမ်လည်မှု ဖြစ်ပွားသည်။
ဖြစ်စဉ်မှာ အဆိုပါရွှေဆိုင်သို့ ဒေါ်သီတာအေး(ခ)ဇော်ရာဘီ၊ ၃၆ နှစ်၊ (ဘ)ဦးရီမောင်၊ ရွှေဂဲကျေးရွာ၊ အမရပူရမြို့နယ်နေသူ ရောက်ရှိလာပြီး (၃)ကျပ်သား ရွှေဆွဲကြိုးတစ်ကုံး ရချင်ကြောင်းပြော၍ ဆိုင်အရောင်း ဝန်ထမ်းအမျိုးသမီးမှ (၂)ကုံးပြခဲ့ရာ တစ်ကုံးအား ကြည့်ရှုနေပြီး ၎င်းတွင်အသင့်ပါလာသော ဆွဲကြိုးအတုနှင့်လဲကာ ဆွဲကြိုးအစစ်မှ ရွှေဆိုင်အမှတ်အသားတံဆိပ် လေဘယ်အား အတုတွင်တပ်ကာ မယူတော့ကြောင်းပြော၍ ပြန်လည်ထွက်ခွာသွားသည်။
ဆိုင်အရောင်းဝန်ထမ်းမှ မသင်္ကာသဖြင့် ဆွဲကြိုးအား စစ်ဆေးကြည့်ရာ ၎င်းထုတ်ပြသည့် ဆွဲကြိုးမဟုတ်ကြောင်း သိရသဖြင့် အဆိုပါအမျိုးသမီးကို လိုက်လံခေါ်ယူပြီး အနွေးထည်အင်္ကျီအိတ်ကပ်အတွင်း စစ်ဆေးကြည့်ရှုရာ အတုဖြင့်လဲလှယ်သွားသည့် ရွှေဆွဲကြိုးအစစ်အား ပြန်လည်တွေ့ရှိရသဖြင့် ရွှေဆွဲကြိုးအစစ်ကို အတုဖြင့် လိမ်လည်သွားသူ ဒေါ်သီတာအေး(ခ) ဒေါ်ဇော်ရာဘီအား အမှတ်(၈)မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။
(Ah Lin Nge)
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့ ၈၄လမ်းပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအတုဖြင့် လိမ်လည်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:22
Rating: