![]() |
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူသစ် ရိုက်နှိပ်ဖို့ကိစ္စ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားစဉ် |
သရက်မဲဆန္ဒနယ်က ဦးကံမြင့် က "မြန်မာပြည်တစ်ဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူအမျိုးမျိုးပေါ်က တံဆိပ်ရုပ်ပုံတွေအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူတွေနဲ့ အစားထိုးရိုက်နှိပ်ထုတ်ဝေသုံးစွဲဖို့ အစီအစဉ် ရှိ မရှိ" ဆိုတဲ့ မေးခွန်းအပေါ် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ငွေစက္ကူအသစ်တွေ ထုတ်ဝေမယ်ဆိုရင် ငွေစက္ကူပေါင်း ဘီလျံ ၃၀၀ ခန့် ကုန်ကျဖွယ်ရှိနိုင်မှာဖြစ်ပြီး ပုံစံသစ်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုရင်လည်း လက်ရှိလှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဖျက်ဆီးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ ငွေစက္ကူသစ်တွေကို စီးပွားရေးတည်ငြိမ်မှုရှိချိန်မှာ ထုတ်ဝေမည်
Reviewed by THITHTOOLWIN
on
21:17
Rating:
