နေပြည်တော် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ဒုက္ခသည် စခန်းအတွင်း နေထိုင်သူများအနက် အချို့သောသူများသည် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများအား ရိက္ခာနှင့် ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ၀င်ရောက် စစ်ဆေးရှာဖွေရာ ယနေ့မွန်းလွဲ ၁ နာရီတွင် စခန်းနေ ဖေမာမောက်(ဘ) အာဇီရာမောက်နှင့် ရှော်ရှီတာမောက်(ဘ) ကာဆီ တို့ ၂ ဦးအား ဖမ်းဆီးရမိ ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး အင်းဒင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သတင်းရရှိ သည်။
(မြ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:19
Rating:
![မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ အား ထောက်ပံ့ပေးနေ သူ ၂ ဦး ဖမ်းဆီးရမိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBTjm1n2N9Kc2FAhM9dD6kG0jVCZvCD_Ojgd8p6XpvGPIsnZxNky4e8sVpGbOo29nPqwgarkBrncXkcAGyIStKkLsk_6Jic0Ux8AHg_bIqmLD4PEm0UfQ9mCB4pjqkMIV5sl11TE0XhsQ/s72-c/1.jpg)